အခန်း(၁၃၂၀)

169 21 0
                                    

အခန်း(၁၃၂၀)

Nanchen။








ထိုကဲ့သို့ နူးညံ့သိမ်မွေ့သော ကလေးနှင့် ရင်ဆိုင်ရသည်မှာ Gu Beiyue နှင့်တူသည်။ သို့ရာတွင် Qin Min မှာ နောက်တစ်ယောက်ကို ငြင်းပယ်နိုင်သော်လည်း ပထမတစ်ယောက်ကို ငြင်း၍မရပေ။

“ကောင်းပြီ။” သူမ ပြောလိုက်သည်။ “ငါတို့ သူ့ကို ဂရုမစိုက်တော့ဘူး။" သူမ အရိပ်လေးကို သူမ၏ ခြေထောက်ပေါ်တွင် ထိုင်ရန် ချီလိုက်ကာ ရင်ခွင်တွင်း ပွေ့ဖက်ထားလိုက်သည်။ သူမ သူ့ကို ပထမဆုံး တွေ့ခဲ့ချိန် သို့မဟုတ် သူက မည်မျှ မဝံ့မရဲဖြင့် ရှက်ရွံ့နေလဲဆိုသည်အား ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။ သူမ  ဆေးမြို့တော်မှ ပြန်လာသောအခါ အရိပ်လေးမှ သူမကို ဂိတ်တွင် စောင့်နေခဲ့ပုံကိုလည်း မမေ့နိုင်ပေ။

ယွင်နင်းမှ ပြန်လာပြီးနောက် ကလေးငယ်မှာ သူမကို စောင့်ရန် ညနေတိုင်း ထိုနေရာတွင် ထိုင်နေတတ်သည်ဟု နို့ထိန်းမှ ပြောခဲ့သည်။ သူမ မြင်းလှည်းပေါ်မှ ဆင်းလာသည့်နေ့တွင် သူမ၏ ရင်ခွင်တွင်း ပြေးဝင်က  "မွေးစားအမေ။" ဟူ၍ ငိုနေခဲ့သည်။

ယခုမူ သူက အသက်ငါးနှစ်ရှိလာပြီဖြစ်ကာ သူမကို ထိုသို့ မခေါ်တော့ပေ။ ယင်းအစား၊ သူက သူမအား နူးညံ့ချိုသာစွာ "အမေ" "အချစ်ဆုံးအမေ" သို့မဟုတ် လေးနက်နေချိန်တွင် "မေကြီး" ဟု ခေါ်တတ်သည်။ အချစ်ရဆုံးသော အမေ၏ လက်ထဲရှိ စာလေးကို ကြည့်ကာ အရိပ်မှာ မေးလိုက်လေသည်။ "အမေ၊ အဖေက စာထပ်ရေးလိုက်တာလား။"

"အင်း။" Qin Min  မှာ ပြန်ဖြေလိုက်သည်။

အရိပ်မှာ စဥ်းစားကာ မေးလိုက်လေသည်။ "အချစ်ဆုံးအမေ၊ အဖေက ဘယ်လိုပုံစံလဲ။"

အရိပ်မှာ Gu Beiyue ကို မြင်ခဲ့ရသည့် အကြိမ်ရေမှာ လက်ချောင်းများဖြင့်ပင် ရေတွက်နိုင်သည်။ သူက နှစ်​နှစ်​ပြည့်​ပြီး​နောက် သူ့ကို​ ​နောက်​တစ်​ကြိမ်​ထပ်​မ​တွေ့ရ​တော့​ပေ။ သူ၏ အမှတ်တရများမှာ မှုန်ဝါးနေပြီး အဖေ သို့မဟုတ် အမေ၏ သွေးရင်းသားမဟုတ်မှန်းလည်း သိနေသည်။

Qin  Min မှာ ခဏမျှ စဥ်းစားကာ လဆီသို့ ညွှန်ပြလိုက်သည်။  "သူက အဲ့ဒီလိုပဲ။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now