အခန်း(၁၃၂၇)

203 24 0
                                    

အခန်း(၁၃၂၇)

အကျိုးကျေးဇူးများ။







Qin  Min မှာ အပြုံးဖြင့် ဆေးပုလင်းငယ်တစ်ပုလင်းကို ထုတ်လိုက်သည်။ "လေးစားရတဲ့ ဧကရီ၊ ဒါက အုန်းဆီပါ။ လက်ဖက်ဆီထက် ပိုထိရောက်ပြီး ပိုသက်တောင့်သက်သာရှိပါတယ်။ ဒါကို အစားထိုးသုံးပါ။"

သဘာဝကျစွာပင် Han  Yunxi မှာ အုန်းဆီအကြောင်းကို ကြားဖူးသော်လည်း အလွန် အံ့သြသွားသည်။ "ဒါက မင်းဘယ်ကရလာတာလဲ။"

" တောင်ဘက်မှာ…ကျွန်မ ကျန်းနန် မှာနေတုန်းကပါ။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး အနီကွက်တွေ ဒါမှမဟုတ် နှင်းခူတွေ ပေါက်တတ်ပါတယ် ။ အရိပ်လေးကလည်း အပူဒဏ်ကို ကြောက်တယ်။ ဒါကြောင့် အမြဲတမ်း ဆောင်ထားတာပါ။" Qin Min ရှင်းပြရင်း နှိပ်နှယ်နေသကဲ့သို့ လက်ဖြင့် ယန်အာ၏ ကျောတွင် ဆီကို စတင်လိမ်းပေးလိုက်သည်။ ကောင်မလေးမှာ အလွန် သက်တောင့်သက်သာရှိလာလျှင် လုံးဝ ငြိမ်သွားတော့သည်။ ထိုအချိန်တွင် Qin Min မှာ သူမ၏ ကျောရိုးအောက်ခြေမှ ဇာမဏီအမွေးအမှတ်အသားကို အမှတ်မထင်တွေ့လိုက်လျသည်။

"ဘယ်လောက်လှတဲ့ မွေးအမှတ်အသားလဲ။" Qin Min မှာ မနေနိုင်ပဲ မှတ်ချက်ပေးလိုက်သည်။ ထိုသို့လှပသည်အား သူမ တစ်ကြိမ်ပင် မမြင်ဖူးခဲ့ပေ။

“ တော်ဝင်မျိုးနွယ်ထဲက သမီးတော်အားလုံးမှာ ဒါရှိတယ်။” Han  Yunxi မှာ ပြောလိုက်သော်လည်း “အနောက်ချင် တော်ဝင်မျိုးနွယ်” ဟု ဆိုလိုလေသည်။ ဇာမဏီအမွေးအတောင် အမှတ်အသားကို Bai Yanqing မှာ လူအများသိရန် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း Qin Min မှာ ထိုသို့သောကိစ္စများကို စိတ်မဝင်စားသဖြင့် မသိခဲ့ပေ။

အုန်းဆီအေးကို လိမ်းပြီးနောက် ယန်အာမှာ အလွန်သက်တောင့်သက်သာရှိသဖြင့် အမေဖြစ်သူ၏ပေါင်ပေါ်၌ ပက်လက်လန်နေပြီး မလှုပ်ရှားချင်တော့ပေ။

"ယန်အာ ၊ ကျောက်မားမားက  မင်းကိုအဲ့ဒါတွေပြောတတ်အောင် သင်ပေးခဲ့တာလား။" Han  Yunxi မှ မေးလိုက်သည်။

ယန်အာမှာ မော့ကြည့်ကာ ပြောလိုက်သည်။ “မယ်တော်၊ မယ်တော်က မသိချင်ယောင်ဆောင်နိုင်မလား။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now