(Unicode)
First & Last Love
Part-1
"စံမြန်း သွားမယ်လေ ဘာငေးနေတာလဲ"
သံသာ့ အသံကြားမှ "ရတနာပုံတက္ကသိုလ် " မုဒ်ဦးကို ငေးနေသော စံမြန်း သတိဝင်လာတော့၏။
ဒီနေ့က စံမြန်းတို့ တက္ကသိုလ် ပထမနှစ် စတက်သော နေ့လေးဖြစ်သည်။
"ဟီး ဟီး ငါ မုဒ်ဦးကြီး ကြည့်ပီး ငါတို့တောင် တက္ကသိုလ်ကျောင်းသူကြီး ဖြစ်ပီဆိုပီး တွေးမိလို့ပါဟ"
"မိန်းမ တွေးမနေနဲ့ ငါတို့က ကျောင်းတော်ကြီးမှာ ၄နှစ်တောင်တက်ရမှာ နောက်မှငေး ခုတော့ ကိုဆက် တို့က ကန်တင်းမှာရောက်နေပီတဲ့ မြန်မြန်သွားရအောင်"
"အမလေး ဟေမာန်တို့များ သူ့ဘဲကြီးစောင့်နေတာနဲ့ အသည်းအသန်တွေ ဖြစ်နေပီ"
"မဟုတ်ပါဘူးဟယ် ငါလဲဗိုက်ဆာလို့ပါ.... ရွှန်းလဲ့ နင်လည်း ခုဏကပြောတော့ ဗိုက်ဆာနေပီဆို အဲ့ဒါကြောင့် ငါက မြန်မြန်သွားရအောင်ပြောတာ"
"Ring.... Ring..."
ဟေမာန် ရွှန်းလဲ့ကို ပြန်ပြောနေတုန်း ဟေမာန့်ဖုန်းက မြည်လာသဖြင့် ကြည့်လိုက်တော့ ကို့ ဆီကဖြစ်နေသည်။
"ကဲ ကဲ နောက်မှ ရှင်းပြ နင့်ဖုန်းအရင်ကိုင်လိုက်ဦး"
"ဟွန့်"
ဟေမာန် ရွှန်းလဲ့ကို နှာခေါင်းလေးရှုံ့ပြပီး ဖုန်းအရင်ကိုင်လိုက်သည်။
"ဟဲလို ကို ဟေမာန်တို့က မုဒ်ဦးဝရောက်နေပီ ကန်တင်းမှာစောင့်နေတာလား"
"....."
"အွန်း ခုလာနေပီ ဒါပဲနော် ကို"
"ဘာတဲ့လဲ နင့်ဘဲကြီးက"
"သူတို့တွေ က ကန်တင်းမှာတဲ့ အဂ္ဂလဲ ရောက်နေပီ တဲ့သံသာ"
ဟေမာန်က စံမြန်းမေးတာ ပြန်ဖြေရင်း သံသာ့ကိုလဲ လှမ်းပြော၏။
"အွန်း ဟုတ်တယ် မောင် င့ါကို စာပို့ထားတယ်"
"အမလေး ပထမဆုံး ကျောင်းတက်ရက်မှာ RSတွေကြား နင်နဲ့ငါ မျက်စိနောက်တော့မယ် ရွှန်းလဲ့ရေ"
စံမြန်း သံသာနဲ့ ဟေမာန့်ကို စရင်း ရွှန်းလဲ့ကို အဖော်ညှိကာ ပြောလိုက်သည်။
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး