(Unicode)
First & Last Love
Part -12
ဒီနေ့က စံမြန်းသင်တန်းဆင်းပွဲနေ့ဖြစ်သည်။ ဒီသင်တန်းပီးလျှင် စံမြန်းရဲ့ designerခရီး အစပျိုးတော့မည်။ designနဲ့ပတ်သတ်တဲ့ Advance သင်တန်းတစ်ခုက ကိုရီးယားမှာတက်ရမှာမို့ စံမြန်းကကျောင်းမပီးသေးတော့ ဘွဲ့ရပီးမှ ဆက်တက်/မတက် ပြန်စဉ်းစားရတော့မည်။ သွားရင် ၉လလောက်ကြာမှာမို့ ကိုကြီးကိုမခွဲနိုင်တာလဲပါတာကြောင့် သေချာ စဉ်းစားနေရသည်။ ရေချိုးဖို့ အဝတ်စားချွတ်ပီးချိန် ရေချိုးခန်းကမှန်မှာ ကိုယ့်ကိုယ်ကို ကြည့်မိတော့ လန့်သွားရသည့်အဖြစ်ပင်။
"ဟာ "
ရင်ဘတ်တခုလုံး ကိုက်ရာတွေအပြည့်ဖြစ်နေ၏။ ကိုကြီးဟာလေ သေချာပြောထားရဲ့သားနဲ့ကို တမင်လုပ်သွားသေးသည်။ ဒီနေ့ သင်တန်းဆင်းပွဲမှာ စံမြန်းက ကြက်သွေးရောင် ပခုံးကျ ဂါဝန်တိုလေး ဝတ်မှာမို့ မနေ့ညက ကိုကြီးနမ်းတော့ အရာထင်လို့မရဘူးလို့ သေချာပြောထားလျက်နဲ့ တမင်လုပ်သွားတာဖြစ်မည်။ ကိုကြီးက သဝန်တိုလျှင် ဘာမှမမြင်ပေ။ စံမြန်းကို အဲ့ဂါဝန် မဝတ်စေချင်လို့ သက်သက်လုပ်သွားတာဖြစ်သည်။ ခုမှတော့ ဘာမှ လုပ်မရတော့သည်မို့ ရေအမြန်ချိုးကာ လည်ထောင် ဂါဝန်ဖြူလေးပဲ ဝတ်လိုက်ရတော့သည်။
သင်တန်းဆင်းပွဲသွားဖို့ ကိုကြီးက လာခေါ်ပေးမယ်ပြောထားသည်မို့ ပြင်ဆင်ပီးတာနဲ့ စောင့်နေလိုက်သည်။ ဖေဖေနဲ့မေမေက ဆိုင်သွားကြပီမို့ အိမ်မှာမရှိတာကြောင့် ကိုကြီးကို အိမ်ရှေ့ထိ လာခေါ်ဖို့ ပြောထားလိုက်သည်။ ကိုကြီးက ဘွဲ့ရပီးတော့ သူ့ဖေဖေရဲ့ fashion ဆိုင်ခွဲတွေကို သေချာ ဦးစီးလုပ်နေသည်။ နောက်တစ်နှစ်လောက်ဆို စက်ရုံတွေပါ ဦးစီးတော့မည်မို့ ခုတည်းက လေ့လာနေရသည်။ ကိုကြီးက စက်ရုံနဲ့ ဆိုင်တွေနဲ့တင် မအားတော့တာကြောင့် စံမြန်းတို့ တစ်ပတ်ကို ၂ခါ၊ တခါတလေ ၁ခါလောက်သာတွေ့ဖြစ်ကြသည်။ နေ့တိုင်းတော့ ဖုန်းဆက်ပီး အိပ်ခါနီးတိုင်း vcallပြောဖြစ်ကြ၏၊ ဒီတစ်ပတ်ကတော့ မနေ့က movie dateပီးပေမယ့် ဒီနေ့က သင်တန်းဆင်းပွဲမို့ ကိုကြီးက တမင်လိုက်ပို့ပေးတာဖြစ်သည်။ စံမြန်းကို ပို့ပီးတာနဲ့ သူကတော့ ဆိုင်သွားရဦးမည်မို့ ကိုယ့်ဟာကို သွားမယ်ဆိုလဲမရပေ။ အလုပ်တွေများလို့ ကိုကြီးရယ် မပင်ပန်းဘူးလားလို့မေးတိုင်း ငယ်ကျောင်းပီးတာနဲ့ လက်ထပ်နိုင်ဖို့ ခုတည်းကကြိုးစားထားရမယ်တဲ့လေ။
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး