(Unicode)
First & Last Love
Part -7
စံမြန်းတို့ welcomeနေ့မှာကျ ကိုကြီးတို့ အဖွဲ့က စံမြန်းတို့ မေဂျာဘက် အစောကြီး ရောက်လာကြသည်။ စံမြန်းတို့တောင် နေရာ ဦးပေးစရာမလိုပဲ သူတို့ဟာသူတို့ တတိယတန်းမှာ နေရာယူ ထားပီးနေပီဖြစ်သည်။ တစ်တန်းကို ၁၀ခုံ ချထားတာမို့ စံမြန်းတို့ အဖွဲ့နဲ့တင် တစ်တန်းလုံးအပြည့်နီးပါးပင်။ ကိုကြီးတို့က စံမြန်းတို့ မေဂျာရဲ့ တတိယနှစ်က တချို့ စီနီယာတွေနဲ့လဲ နှုတ်ဆက်နေကြသည်မို့ ကိုကြီးတို့နဲ့ ခင်ပုံရသည်။ ဟူဒီခဲရောင်ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ထားပီး shoeစီးထားတဲ့ ကိုကြီးက စံမြန်းမျက်လုံးထဲ ချောမောခန့်ညားနေတယ်လို့ပြောရင် စံမြန်းကိုပိုတယ် ထင်ကြပေဦးမည်။
"အကိုတို့က စောသားပဲ ရွှန်းလဲ့တို့တောင် ခုနကမှရောက်တာ"
ကိုကြီးတို့အဖွဲ့ကို ရွှန်းလဲ့က အရင် စနှုတ်ဆက်လေသည်။
"အင်း breakfastဖိုးကုန်မှာစိုးလို့လေ ဒီမှာနန်းကြီးသုတ်ပါကျွေးတယ်ဆိုလို့ တခါတည်း ဂုန်းလာဆင်းတာ"
"အယ် ကိုရဲရင့်က မုန့်မစားရသေးဘူးလား... လာလာ စံမြန်း ဟိုဘက်ဘေးခန်း လိုက်ပို့မယ်... နန်းကြီးသုတ်က အဲ့မှာကျွေးတာ"
ကိုရဲရင့်က မနက်စာမစားရသေးဘူးဆိုတာနဲ့ မုန်းကျွေးတဲ့ဘက် လိုက်ပို့ဖို့ စံမြန်းဆွဲခေါ်တော့ ကိုကြီးက တားလေသည်။
"ဟာ အကိုတို့အကုန်မစားရသေးတာလေ... ရဲရင့်တစ်ယောက်တည်းမှ မဟုတ်တာ"
ငယ်က ရဲရင့်လက်ကြီးဆွဲပီး မုန့်ကျွေးတဲ့ဆီ လိုက်ပို့မယ်ပြောနေလို့ သွေးမနာလိုစွာ ဝင်ပြောလိုက်မိသည်။
"အယ်.... အကိုလည်း မစားရသေးဘူးလား၊ ကျန်တဲ့သူတွေရော.... အဂ္ဂ နင်ရော... စားပီးပီလား"
"ငါလည်း မစားရသေးဘူး.... ဒါနဲ့ သံသာရော စာပဲပို့ပီး ဖုန်းခေါ်လို့လဲ မရဘူး"
"သံသာက သီချင်းတိုက်နေလို့ ဖုန်းသံမကြားတာနေမယ်"
"နင်တို့ သူငယ်ချင်း... မနေ့က ငါနဲ့ အပြင်သာ လိုက်နေတာ ငါ့ကို ကောက်နေတာသိလား... ချော့ချင်လို့ မေးတော့လဲ စိတ်မဆိုးဘူးဆိုပီး လုပ်ပြန်ရော... တော်ကြာ ငါ့ရွဲ့ပီး ဒီနေ့ ဝင်ရွေးနေမှာစိုးလို့"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး