(Unicode)
First & Last Love
Part -13
👉အမှောင် မကြိုက်တဲ့သူတွေက Facebook မှာဖတ်ပေးပါနော် ❤️
စံမြန်းတို့ ဘွဲ့ယူတဲ့နေ့ကျ ကိုကြီးတို့ ၄ယောက်လုံးက လာပီးဂုဏ်ပြုပေးကြ၏။ ကိုရဲရင့်နဲ့ ကိုထက်အောင်က ကလောကနေတောင် လာပေးကြတာဖြစ်သည်။ ကိုရဲရင့်က စံမြန်းတို့ ကလောသွားတုန်းက တည်းတဲ့ ဟိုတယ်ကို ဦးစီးနေပီး ကိုထက်အောင်ကလဲ ကလောမှာပဲ စားသောက်ဆိုင်ဖွင့်ထားကာ သူတို့နှစ်ယောက် တူတူနေကြသည်တဲ့လေ။ ယောက်ျားလေးနှစ်ယောက် ချစ်ခြင်းပေမယ့် တကယ်ကို ချစ်ကြတဲ့သူတွေမို့ ပျော်နေကြတာပင်။
"ငါ့ညီနဲ့ ငါ့ညီမတွေ congratulations ပါကွာ"
"ဟာ ကိုရဲရင့်နဲ့ ကိုထက်အောင်ပါပါတယ်လား ကျွန်တော်က မလာဖြစ်လောက်ဘူးထင်နေတာ"
ကလောရောက်နေသဖြင့် မလာနိုင်လောက်ဘူးထင်နေသော ကိုရဲရင့်နှင့် ကိုထက်အောင်ကို မြင်လိုက်ရတော့ အဂ္ဂက ဝမ်းသာအားရ လှမ်းပြော၏။
"လာရမှာပေါ့ကွ ကိုယ့်ညီတွေ ညီမတွေကို ဂုဏ်ပြုဖို့ပဲ"
"မာန်ထက် ပြန်ရောက်တာ ကြာပီလား"
ကိုရဲရင့်က အဂ္ဂကို ပြန်ဖြေပီး ကိုထက်အောင်က မာန်ထက်ကို နှုတ်ဆက်လေသည်။
"ဟုတ် ကိုထက်အောင် ၆လလောက်ရှိပီ"
"အေး အားရင် စုံတွဲလိုက် ကလော လာကြဦးကွာ"
"ဟုတ်..."
"မနက်ဖြန်ကျရင် ဂုဏ်ပြုတဲ့အနေနဲ့ ၅ယောက်လုံးကို အကို့ဆိုင်မှာ ဧည့်ခံမယ်ကွာ"
စံမြန်းတို့ ငါးယောက်ကို ကိုဆက်က သူ့ဆိုင်မှာ ဂုဏ်ပြုမယ်ပြောတော့ ကိုကြီးက ထမေးတော့သည်။
"ဟေ့ရောင် ငဆက် မင်းက သူတို့ပဲလား... ငါတို့ကျ မပါဘူးလား"
"ကျန်တဲ့သူပါတယ် မင်းမပါတာတော်ဝင်"
"ဟ ဘာလို့လဲ"
"ငါအရုပ်မှာခိုင်းတော့ မရတော့ဘူးဆို ခုစံမြန်းအတွက်ကျပါလာတယ်လေ"
"ဟုတ်တယ်လေ မရတော့ဘူး Graduation Bearက ဒီတစ်ရုပ်ပဲရတော့တာ ငယ့်အတွက်လေ"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး