(Unicode)
First & Last Love
Part -16
ညပိုင်းကျ သွေးဖုန်းဆက်ချိန်းထားတာကြောင့် သူငယ်ချင်းတွေ ငဆက်ဘားမှာ အားလုံးစုံကြသည်။
"ငယ်က ငါ့ကိုထားပီး ထွက်သွားတယ်ကွာ"
"အဲ့လိုဆို ကိုတော်ဝင်က စံမြန်းအမှားလို့ထင်တာလား"
"ဟေမာန်"
အသဲကွဲနေတဲ့ တော်ဝင်ကို ဟေမာန်က သူငယ်ချင်းဘက်ကနာပီး ခနဲ့နေတာမို့ သက်ဆက်ထွန်း ဝင်တားလိုက်ရသည်။
"ကိုက ကို့သူငယ်ချင်းဘက်က မခံနိုင်လဲ ဟေမာန်ကတော့ပြောရမှာပဲ"
"ဟုတ်တယ်... ရွှန်းလဲ့တို့သူငယ်ချင်းက ကိုတော်ဝင့် အပေါ် ယုံကြည်ပေးခဲ့တာ"
"သံသာတို့က အဲ့မိန်းမ လုပ်ရပ်တွေကို အကို့ကိုပြောခိုင်းတော့ စေ့စပ်ပွဲကတစ်ဖက် အလုပ်မှာလဲ ပြသနာတက်နေတာမို့ အကိုထပ်ပီး အာရုံမနောက်စေချင်လို့ ကိုရီးယားရောက်မှ အေးဆေးပြောပြမယ်တဲ့"
ဟေမာန်တို့သုံးယောက်က သူငယ်ချင်းဘက်က ခံပြင်းပီး သွေးကို တစ်ယောက်တစ်မျိုးဝိုင်းပြောတော့သည်။
"အဲ့တာဆို သံသာတို့က ဒီကိစ္စအကုန်သိတယ်ပေါ့... အကို့ကို အကုန်ပြောပြပေးပါ"
"အဲ့မိန်းမက သူ့အကောင့်မှာ ကိုတော်ဝင်နဲ့ အလုပ်စတွဲလုပ်တည်းက အမျိုးမျိုးတင်နေတာ... သူနဲ့ ကိုတော်ဝင်ကပဲ တွဲနေသလိုလို... လူတွေတစ်မျိုးထင်အောင်တင်တာ... စံမြန်းကို အသိတစ်ယောက်က လာပြတော့ မဟုတ်တာတွေအတွက်နဲ့ မဖြေရှင်းဘူးတဲ့ အကို့ကိုလဲ အာရုံမနောက်စေချင်လို့ နောက်မှပဲ သတိပေးတော့မယ်တဲ့... ဒီနေ့ကျ အဲ့မိန်းမက အကိုနဲ့ ဟိုတယ်dateဆိုပီးတင်ထားသေးတာ"
"ဟာ....အဲ့တာတွေ အကိုမသိပါဘူး...အကိုကအရင်တည်းက သူ့အကောင့်ကို unfriလုပ်ထားတော့ ဘာမှမတွေ့တော့ဘူး"
"သူဒီနေ့တင်ထားတဲ့ ပို့စ်အောက်မှာ လူတစ်ချို့က ကိုတော်ဝင့်ကို လှေနံနှစ်ဖက်နင်းနေတာလားတို့... ငရံ့နှစ်ကောင်ဖမ်းတယ်တို့ မန့်ထားတော့ အကို့သိက္ခာကျတယ်ဆိုပီး ဒေါသတွေထွက်လာလို့ အကို့ကို ဖုန်းဆက်ပြောတာ... အဲ့မိန်းမက လာကိုင်တယ်လေ"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး