(Unicode)
First & Last Love
Part -9
ညစာစားပီးချိန်ကျ စံမြန်းတို့ မိန်းကလေးလေးယောက် အခန်းပြန် ခြေလက်ဆေးသန့်ရှင်းရေးလုပ်ပီး ညဝတ်အင်္ကျီ ဆင်တူဝတ်ကြကာ Christmas ဦးထုတ်လေးတွေနဲ့ အိပ်ယာပေါ်မှာ အရင်ဆုံး လေးယောက်တူတူ ဓါတ်ပုံရိုက်ကြသည်။ ပုံရိုက်ပီးတာနှင့် Facebook နဲ့ IGမှာ ' Merry Christmas ❤️🎄'ဆိုပီး တစ်ယောက်နဲ့တစ်ယောက်tagတွဲကာ လေးယောက်လုံး တင်လိုက်ကြသည်။ ဖုန်းသုံးကြရင်း သူငယ်ချင်းတွေကို စံမြန်းနဲ့ ကိုကြီး ချစ်သူတွေ ဖြစ်သွားပီဆိုတဲ့ အကြောင်း ပြန်ပြောပြလိုက်သည်။
"ငါနဲ့ ကိုကြီး တွဲနေကြပီ"
"ဟင်... စံမြန်း.... မိန်းမ... မူတောင်မမူဘူးလား... ဒါမှမဟုတ် နင်ကပဲ စပြောလိုက်တာလား"
စံမြန်းစကားကို ကြားတာနဲ့ ဟေမာန်က မယုံနိုင်စွာ မေးလာတော့သည်။
"မဟုတ်ပါဘူး ဟေမာန်ရယ်... ကိုကြီးကစပီးဖွင့်ပြောတာပါဟ"
"အဲ့တာနဲ့ပဲ နင်က မူတောင်မမူနိုင်ဘူးပေါ့"
"ကိုကြီးကပြောတယ်လေ ချစ်နေရင် အချိန်မဆွဲနဲ့တဲ့... စောစောချစ်သူဖြစ်ရင်... စောစောချစ်လို့ရတယ်တဲ့... ငါကလဲ ချစ်မိနေတာကိုလို့ သံသာမရဲ့...."
"ကဲ... သေချာပြောပြပါဦး... ငါတို့ကိုလဲ"
သုံးယောက်သား တစ်ယောက်တစ်မျိုး သေချာမေးနေတာနဲ့ ကိုကြီးနဲ့ ချစ်သူဖြစ်သွားတဲ့အကြောင်းကို ပြန်ပြောပြလိုက်သည်။
"အဲ့တာများမိန်းမ ခုဏကညစာစားတော့ ငြိမ်နေလိုက်တာ"
"အဲ့တာက... ငါ့ကိုဖွင့်ပြောဖို့အရေး အချိန်ဆွဲနေခဲ့တဲ့ကိုကြီးကို ပညာပေးချင်လို့ သူငယ်ချင်းတွေကို မပြောသေးပါနဲ့ သူတို့ရှေ့ကျ ပုံမှန်လေးပဲနေပေးပါလို့ ပြောလိုက်တာ"
"သူကလဲ လက်ခံတာပဲလား"
"အမလေး... သူ့ကို ခိုးတွဲချင်နေတာလားတဲ့... အကြာကြီးမရဘူး... ခဏပဲဟန်ဆောင်နေပေးမှာတဲ့"
"အော်... နောက်ဆုံးတော့ ငါတို့အဖွဲ့ထဲ ရွှန်းလဲ့တစ်ယောက်ပဲ တစ်ကိုယ်တည်း ကျန်တော့တာပါလား"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး