(Unicode)
First & Last Love
Part -8
ခရစ်စမတ်နေ့ မနက် ၄နာရီခွဲ လောက်တည်းက စံမြန်းတို့အဖွဲ့ မန္တလေးကနေ စထွက်ခဲ့ကြသည်။ ၉ယောက်သွားတာမို့ အံစာတုံးကားငှားလာခဲ့ကြ၍ ကျယ်ကျယ်ဝန်းဝန်းစီးလို့ရသည်။ မနက်နေထွက်ချိန်ကျ ရွာငံနားမှာဆင်းပီး ဓာတ်ပုံရိုက်ကြ၍ စံမြန်းတို့ မိန်းကလေးတွေက တခါတည်း FB, IGတန်းတင်လိုက်သည်။
✨✨✨
သွေးကားပေါ်မှာ ဖုန်းကြည့်နေတုန်း ငယ် ပိုစ့်တင်ထားတာတွေ့တော့ အသဲပေးပီး ပုံလေးတွေကို သေချာကြည့်နေမိသည်။ တင်ပီး ခဏလေးအတွင်း reactတွေ မနည်းမနောပေ။ comment တွေဖတ်ကြည့်တော့ 'လှတယ်'၊ 'ချစ်တယ်နော်'၊ 'အချောလေး'ဒါတွေချည်းပဲထပ်နေ၏။ အဲ့ထဲမှာမှ မန့်တစ်ခုက 'ကိုယ့် မင်းသမီးလေး ကလောသွားနေတာလား။ ကိုယ်တို့လဲ ခုကလောသွားနေတာ ဟိုမှာများစုံခဲ့ရင်တော့ ကိုယ်မင်းကို အတည်လိုက်ပီပဲ' တဲ့လေ။ နောက်တစ်ယောက်ကကျ ' ငါ့ကောင်မလေးဖြစ်မယ့်ရုပ်'တဲ့ သွေးတစ်ယောက် commentတွေဖတ်ပီး ဒေါသတွေ ထွက်လာတော့သည်။ ငယ်တို့ကို လှမ်းကြည့်တော့ အိပ်ပျော်နေကြတာနဲ့ပဲ ကိုယ့်ရဲ့ တစ်ယောက်တည်း ဝန်တိုစိတ်တွေကို လျော့ဖို့ ငယ့်ပုံလေးတွေကို ပြန်ကြည့်နေလိုက်ရသည်။
မနက် ၁၁နာရီကျော်လောက်ကျ ကလောမြို့က စံမြန်းတို့ တည်းမယ့် နေရာကို ရောက်ကြသည်။
**....... Hotel & Resort **
အဝင်ဆိုင်းပုဒ်ကတင် ဧည့်သည်တွေကို ဆွဲဆောင်နိုင်မှု အပြည့်ရှိသည်။
Hotelဝင်းထဲမှာ ၅ထပ် အဆောင် အထပ်မြင့် ဟိုတယ်ခန်းတွေရှိသလို၊ စံမြန်းတို့ တည်းမယ့်ဘက်ကျ တောင်ကုန်းလေးပေါ်မှာ လုံးချင်း ဘန်ဂလိုလေးတွေကို ကျောချင်းကပ် ဆောက်ထားသည်။ ဟိုတယ်တစ်ဝန်းလုံး သစ်ပင်တွေ အုံ့အုံ့လေးတွေနဲ့မို့ ဝင်လာတာနဲ့ သဘာဝတောထဲရောက်သွားသလို ခံစားရစေသည်။ ပန်းခြံငယ်လေးပါ ထပ်ရှိသေးတာကြောင့် ဧည့်သည်တွေ အဖို့ စိတ်အပန်းပြေစေ၏။
စံမြန်းတို့အဖွဲ့တွေက ဘန်ဂလိုဘက်မှာ ဘိုကင်တင်ထားသည်မို့ မိန်းကလေးတစ်ဖွဲ့ ၊ယောက်ျားလေးတစ်ဖွဲ့ ဘန်ဂလိုတစ်ခုစီဖြစ်၏။ စံမြန်းတို့တည်းမယ့် ဘန်ဂလိုက တောင်တန်းတွေဘက် မျက်နှာလှည့်ထားကာ ကိုကြီးတို့ ယောက်ျားလေးတွေက စံမြန်းတို့နဲ့ ကျောချင်းကပ် ဘန်ဂလိုမှာ ဖြစ်သည်။ သူတို့ဘန်ဂလိုကကျ ရေကူးကန်နဲ့မျက်နှာချင်းဆိုင်ပင်။ အဲ့နားမှာ ညဘက်unplugged ဆိုတဲ့ စင်လေးလဲရှိသည်။ အနားယူပီး စားကြ သောက်ကြ စကားပြောလို့ရအောင် ဘန်ဂလိုတွေမှာ အရှေ့ဘက်ကို ဝရံတာသဘောမျိုးကျယ်ကျယ်လေး ထုတ်ထားပီး ခုံတွေ ထားထားပေးထားသည်။
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး