(Unicode)
First & Last Love
Final Part
👉အမှောင် မကြိုက်သူများ Facebook မှာဖတ်ပေးပါနော်❤️
စံမြန်းနဲ့ကိုကြီး လက်ထပ်တာ ခုဆို ၆လကျော်လာပီဖြစ်သည်။ စံမြန်းကိုရီးယားမှာကတည်းက အရင်ဆိုင်နေရာလေးကို ၃ထပ်ပြန်ဆောက်ကာ မြေညီထပ်မှာ ပိုးထည်၊ချည်ထည် ဆိုင်ဖွင့်ပီး ဒုတိယထပ်မှာ designer သင်တန်းဖွင့်၍ အပေါ်ဆုံးထပ်မှာ စံမြန်းနေဖို့အတွက်နှင့် ကိုယ်ပိုင် designခန်းလေး လုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ခုတော့ အဲ့မှာမနေဖြစ်တော့တာမို့ အဲ့ကအပေါ်ဆုံးထပ်ကို အပ်ထည်ချုပ်ဖို့ နေရာကျယ်ကျယ် လုပ်လိုက်ပီး စံမြန်းအတွက် နားနေခန်းနှင့် ရုံးခန်းသဘောမျိုးသာ ထားတော့သည်။
ကိုကြီးအရင်က စီစဉ်ထားတဲ့အတိုင်း စံမြန်းနဲ့နှစ်ယောက်ပေါင်းပီး Brandတစ်ခု ထုတ်ဖို့ကလဲ ဒီလကုန်ရင် အကောင်အထည်ပေါ်တော့မှာမို့ ဒီရက်ထဲ နှစ်ယောက်လုံးအလုပ်များနေကြကာ ညဘက်တွေဆိုလဲ အိမ်ပြန်နောက်ကျတတ်သည်။ ကိုကြီးအလုပ်ပြန်ချိန်နောက်ကျလျှင် စံမြန်းက ဆိုင်မှာပဲ အလုပ်လုပ်ရင်း စောင့်နေလိုက်ကာ ကိုကြီးအလုပ်ပီးမှ စံမြန်းကို ဝင်ကြို၍ ကိုကြီးအရင် အလုပ်ပီးလျှင်တော့ အိမ်ပြန်ရေချိုးပီးမှ စံမြန်းကို တစ်ခေါက်လာကြိုသည်။
စံမြန်းက သဘက်ခါကျ မော်ဒယ်တစ်ယောက်အတွက် အထည်fittingချပေးရမှာမို့ မနက်ဖြန်အချိန်ရှိသေးပေမယ့် ဒီနေ့အပီးလုပ်ဖို့ဆုံးဖြတ်ပီး ဒီနေ့ နောက်ကျမှလာကြိုဖို့ ကိုကြီးကို ပြောထားလိုက်သည်။ ဆိုင်က ဝန်ထမ်းတွေကတော့ ၆နာရီထိုးတာနှင့် ဘယ်သူမှမရှိတော့ပေ။ ညနေက စံမြန်း သင်တန်းသူလေးရဲ့ မွေးနေ့ပွဲတစ်ခု သွားထားရတာမို့ ဆိုင်မှာပဲရေချိုးလိုက်ကာ ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဘောင်းဘီတိုတစ်ထည်သာ ဝတ်ပီး အလုပ်လုပ်နေလိုက်သည်။ အင်္ကျီ pattern ညှပ်နေတုန်း နောက်ကနေခါးကို လာဖက်မှ ကိုကြီးရောက်လာပီမှန်းသိလိုက်သည်။ အလုပ်တွေရှုပ်ကာ နာရီတောင် မကြည့်မိပေ။
"ကိုကြီး... ဘယ်တုန်းက ရောက်တာလဲ ငယ် ဒီမှာအာရုံရောက်နေတော့ တံခါးဖွင့်တာ မကြားလိုက်ဘူးရယ်..."
![](https://img.wattpad.com/cover/358731511-288-k132924.jpg)
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး