(Unicode)
First & Last Love
Part -3
စံမြန်းတို့ သီတင်းကျွတ်ကျောင်းပိတ်ရက်တွေပီးလို့ ကျောင်းတွေပြန်ဖွင့်သော ကျောင်းစတက်တဲ့နေ့မှာ ဟေမာန်က စံမြန်းတို့ကို ဖွင့်ပြောလာခဲ့သည်။
"ဒီကျောင်းပိတ်ရက်တွေမှာ.... ငါ နဲ့ ကိုသက်ဆက်ထွန်း.... လိုင်းပေါ်ကနေ စကားပြောဖြစ်ကြတယ်.... သူလဲ ငါ့ကို စိတ်ဝင်စားနေပုံ ရတယ်ဟ"
"ဟေမာန် သူတို့နဲ့ငါတို့က ခုမှသိတာနော် သူတို့အခြေနေလဲ ငါတို့သေချာ သိရသေးတာမဟုတ်ဘူး.... ပီးကျ.... ငါတို့က ခုမှ ၉တန်းပဲရှိသေးတယ် သူတို့က တက္ကသိုလ်စတက်တော့မယ့်သူတွေ.... အဆင်မပြေလောက်ဖူးထင်တယ်.... နင်သူ့ကို စိတ်ဝင်စားရင်တောင် သေချာလေ့လာပီး စဉ်းစားပါဦး...."
ဟေမာန့်ကို စိတ်ပူစွာဖြင့် ရွှန်းလဲ့က ပြောနေလေသည်။
"အေးပါရွှန်းလဲ့ရယ် ငါသိပါတယ် "
ဟေမာန်က ကိုသက်ဆက်ထွန်းနဲ့ စကားပြောဖြစ်တယ်တဲ့ စံမြန်းကတော့ ကိုကြီးအကောင့်ရှိပေမယ့် စကားသွားမပြောရဲပါ။ တော်ကြာ ငယ်ငယ်လေးနဲ့ မိန်းမ နောက်ပိုးလို့ထင်မှာလဲ စိုးသလို Facebookမှာ followerများပီး ကောင်မလေးတွေသဘောကျတဲ့ သူ့ကို ရှိန်နေတာလဲပါပါသည်။ စံမြန်းသူ့ကို သဘောကျတာက တိတ်တခိုးလေးပါပဲလေ။
"စံမြန်း ငြိမ်လှချေလား.... ဘာဖြစ်"
စံမြန်း ငြိမ်နေတာကို သတိထားမိသည့် သံသာက ထမေးလာသဖြင့် သူငယ်ချင်းတွေကို ရင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။
"ငါ.... ငါ နင်တို့ကို ဝန်ခံစရာ တစ်ခုရှိလို့ ... ငါတို့မိန်းကလေးတွေပဲ သိထားနော်.... ဟိုကောင် ၂ယောက်ကိုမပြောပါနဲ့... သံသာနင်ရောနော် .... အဂ္ဂကို နင့်ဘဲဆိုပီး ပြန်မပြောနဲ့နော်"
ယောက်ျားလေးတွေကို ပြန်မပြောဖို့သေချာ မှာရသေးသည်။
"အေးပါ ငါသိပါတယ် ဒါ ငါတို့ရဲ့ မိန်းမကလေးသီးသန့် လျှို့ဝှက်ချက်မှန်း"
"ငါ ကိုတော်ဝင်သွေးကို သဘောကျလို့"
"ဟမ် ဘယ်လို ခုမှသိတဲ့သူတွေကို နင်တို့ကလဲ"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး