(Unicode)
First & Last Love
Part - 14
သူငယ်ချင်းတွေနဲ့ ချိန်းထားချိန်ရောက်မှ ကိုကြီးကွန်ဒိုကနေ နှစ်ယောက်တူတူ ထွက်လာလိုက်ကြသည်။
"ငါ့ညီတွေ... ငါ့ညီမတွေအကုန် congratulations ပါကွာ... cheer ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ အောင်မြင်ပါစေကွာ"
"အောင်မြင်ပါစေ"****
"စံမြန်းသွားဖို့အတွက် ရယ်ဒီပဲလား"
စံမြန်း ကျောင်းသွားတက်ဖို့ ကိစ္စကို ကိုဆက်က မေးလာ၏။
"ဟုတ်ကိုဆက်... ကျောင်းကတော့ ဒီကဆရာတွေ ချိတ်ပေးတာ ၃ ၄ကျောင်းရှိတယ်... ဟိုရောက်မှ ထပ်ရွေးမလို့"
"စံမြန်း... ငါ့ညီမပြန်လာရင် ကလောဘက် အဖွဲ့လိုက် တက်ခဲ့ကြ ဒီတစ်ခေါက် မာန်ထက်လဲပါတော့ တို့အဖွဲ့တွေ လူစုံတာပေါ့"
ကိုရဲရင့်က သူတို့ဆီ လာလည်ဖို့ ခေါ်နေလေသည်။ စံမြန်းတို့ ချစ်ခြင်းစရာ ကလောမြေကို စံမြန်းလည်း နောက်တစ်ခေါက် သွားချင်ပါသေး၏။
"လာခဲ့မယ်.... လာခဲ့မယ်... စိတ်ချ"
"ငါမင်းတို့ အားလုံးကိုပြောစရာရှိလို့"
အားလုံး ငြိမ်သွားကြချိန် ကိုကြီးက ထပြောလာသည်။
"ဆို"
သွေးစကားကို ထက်အောင်က စကားထောက်ပေးလာ၏။
"ငါနဲ့.. ငယ်နဲ့... စေ့စပ်တော့မယ်"
"ဟ ဗြုန်းစားကြီးပါလား... စံမြန်းက သွားတော့မှာကို"
ရုတ်တရက် ထစီစဉ်သော ကိုကြီးကို ကိုထက်အောင်ကာ အံ့ဩကာ မေးလာသဖြင့် ကိုကြီးကလည်း ချက်ချင်း ခွန်းတုံ့ပြန်လေသည်။
"အေး... ငယ်မသွားခင် စေ့စပ်ပွဲ လုပ်သွားပီး ပြန်လာတာနဲ့ လက်ထပ်မှာ"
"မင်းက ထိန်းမနိုင်သိမ်းမနိုင်ပါလားကွ"
"မင်းတောင် မခွဲနိုင်လို့ မင်းလင်ရဲရင့်ရှိတဲ့ ကလောမှာ တူတူသွားနေတယ်မလား... အမှန်ဆိုငါက လက်ထပ်ပီးမှတောင် လွှတ်ချင်တာ"
"ကိုတော်ဝင် ရောဂါရင့်နေပီပဲ"
အကဲပိုနေသော ကိုကြီးကို သံသာကပါ ဝိုင်းစတော့သည်။
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး