(Unicode)
First & Last Love
Part -17
👉ဒီအပိုင်းကို အသက်မပြည့်သူများဘမဖတ်ကြပါရန်နှင့် ဖြူစင်သူများ Facebook မှာ ဖတ်ပေးကြပါရန်❤️
ဆရာကန်တော့ပွဲပီးတော့ ဆရာတွေကိုနှုတ်ဆက်နေစဉ် ငယ်ဘယ်အချိန်ပြန်သွားမှန်း မသိလိုက်ပေ။
"ဟာ....ပြန်သွားပြန်ပီကွာ... စကားကို ခုထိမပြောရသေးဘူး"
"အေးဆေးပေါ့... တော်ဝင်ရာ ညနေကျတွေ့မှာပဲ"
စိတ်ပျ-က်လက်ပျ-က် ဖြစ်နေသော သွေးကို ငဆက်ကနှစ်သိမ့်ပေးလေသည်။
"ကိုတော်ဝင် စံမြန်းကို လွှတ်မထားနဲ့တော့နော်... စံမြန်းက ဟိုကပြန်လာပီးမှ ပိုလှလာတာ... ဟိုကောင်ဝေယံရဲ့ မျက်လုံးတွေ အကိုမြင်တယ်မလား"
"အင်း"
အဂ္ဂပြောတာ သွေးလဲသိသည်။ ခုဏက ဝေယံဆိုတဲ့ကောင်က ငယ့်ကိုကြည့်နေတာ လိုချင်မှုအပြည့်နှင့်ပင်။ ဒီကောင်တွေ ချစ်သူရှိတဲ့မိန်းကလေးတစ်ယောက်ကို စည်းစောင့်ရမှန်းမသိပေ။
"မြန်မြန်ချော့ပီး ပြန်အဆင်ပြေရင် အရင်တည်းကစီစဉ်ထားတဲ့အတိုင်း လက်ထပ်လိုက်တော့... ကျွန်တော်တို့က စံမြန်းကို အကိုနဲ့ပဲသဘောတူတာ"
အဂ္ဂ စကားကို မာန်ထက်ကပါ ဝင်ထောက်ခံလေသည်။
"အဲ့မှာနင်တို့တွေ သူငယ်ချင်းကို အတင်းထိုးပေးနေလိုက်ကြ... ငါစံမြန်းနဲ့ တိုင်မယ် ကြည့်နေ"
"တိုင်...တိုင်...ဟေမာန် နင်လည်းသိတယ်... နင်တို့သုံးယောက်ကလေ စံမြန်းဆိုးမှန်းသိရဲ့သားနဲ့"
"ဟဲ့မိန်းကလေးတွေရဲ့ခံစားချက်ကို ငါတို့ချင်းပဲ နားလည်တယ်... နင်မပါနဲ့"
"ကဲ...ကဲ... တော်ပီ ကလေးတွေလဲ မဟုတ်ကြပဲ ခုထိရန်ဖြစ်တုန်း... ညနေမှတွေ့ကြမယ်"
ငဆက်စကားကြောင့် လူစုခွဲပြန်လာလိုက်ကြသည်။ သွေးမှာ ညနေအတွက် ကြိုတွေးကာ ရင်ခုန်လျက်။
✨✨✨
ညနေကျ သွေး ငဆက်ရဲ့ clubကိုရောက်တော့ လူစုံနေကြသည်။ ဒါပေမယ့် သွေးရဲ့ မင်းသမီးတော့ မလာသေးပါ။ သွေးက အပေါက်ဘက်ကို ကျောပေးထိုင်ထားကာ စားသောက်နေကြရင်း သွေးရဲ့ မျက်နှာ ချင်းဆိုင်က ရဲရင့်စကားကြောင့် သွေးလှည့်ကြည့်လိုက်မိသည်။
YOU ARE READING
First & Last Love (Completed)
عاطفيةကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး