Part -15

15.5K 231 2
                                    

(Unicode)

First  & Last Love

Part -15

စံမြန်းရဲ့ကား ဟိုတယ်ကား‌ပါကင်ကိုရောက်တော့ ကိုကြီးနဲ့ ဟိုမိန်းမက စကားပြောရင်းကားဆီလျှောက်လာပီး အဲ့မိန်းမက ကားပေါ်တက်မယ်လုပ်နေလို့ စိတ်ပိုတိုသွားမိသည်။မိဘတွေနဲ့သူငယ်ချင်းတွေကလွဲရင် ဘယ်မိန်းမကိုမှ ကားပေါ်မတင်ပါဘူး ပြောထားတဲ့ကိုကြီးကိုလဲ စိတ်ဆိုးမိ၏။ ကိုကြီးနဲ့ ဟိုတယ်မှာ Dateနေသလိုလို ထင်ယောင်ထင်မှားဖြစ်အောင် တင်ထားပီး ခုလိုသာ ကားတစ်စီးနဲ့တူတူ ဟိုတယ်က ထွက်လာတာများတွေ့ကြရင် ကိုကြီးသိက္ခာတော့သွားပီကို တွေးရင်းနဲ့ ဒေါသတွေပိုထွက်လာမိသည်မို့ ကားပေါ်က ဆင်းဆင်းခြင်း အဲ့မိန်းမဆီသွားကာ ပါးရိုက်ချလိုက်ပစ်လိုက်သည်။

"ဖြန်း"

"တော်ဝင်"

အဲ့မိန်းမက စံမြန်းပါးရိုက်လိုက်တာတောင် မမှတ်ပဲ ကိုကြီးနာမည်ခေါ်လိုက်သေးသည်။

"ငယ်"

သွေးကြည့်နေတုန်း ငယ်က ခင်သဇင့်ကိုပါးရိုက်လိုက်လေသည်။ ငယ်တစ်မျိုးထင်သွားတာသိသော်လည်း ဒီဟိုတယ်မှာ အလုပ်ကိစ္စရှိကြောင်း ကြိုပြောထားရက်နဲ့ ငယ်ဟာ သွေး အပေါ် ယုံကြည်မှုမရှိပေးပေ။

"အဲ့တစ်ချက်က ငါ့ကိုကြီးကို သိက္ခာကျအောင်လုပ်လို့"

ငယ်ပြောတာ သွေးနားမလည်ပဲ ခင်သဇင့်ကိုကြည့်တော့လည်း ငိုနေတာမို့ စိတ်ရှုပ်သွားရသည်။ ငယ်က ထပ်ရိုက်ဖို့ လုပ်နေတာမို့ အမြန်တားလိုက်ရတော့၏။

"ကိုကြီး... ဖယ်နော်... ငယ့်ကိုလာမတားနဲ့... အဲ့မိန်းမ ဘာလုပ်လဲ ကိုကြီးသိလို့လား"

"ကိုယ်မသိပေမယ့် အေးဆေးစကားနဲ့ပြောငယ်... ဟိုက ငယ့်ကို ဘာမှပြန်လုပ်နေတာမဟုတ်ဘူးလေ"

"အော်... ကိုကြီးက အဲ့မိန်းမ ပန်းနုသွေးပြတာကိုယုံပီး ငယ့်ကိုလာတားနေတာလား... ကိုကြီးကရော ကတိပေးထားပီး ဘာကိစ္စ ကားပေါ်တက်ခိုင်းရတာလဲ... ကိုကြီးနဲ့ကိစ္စ နောက်မှရှင်းမယ် ကိုကြီးအခု ငယ့်လက်ကိုဖယ်လိုက်"

"တော်ပီလို့ တစ်ဖက်မိန်းကလေးရဲ့သိက္ခာရှိသေးတယ် ငယ်"

"ဘာသိက္ခာလဲ... သိက္ခာမရှိလို့ စေ့စပ်ထားတဲ့ ယောက်ျားတစ်ယောက်ကို သူဒီလိုလုပ်ရဲတာပေါ့...ကိုကြီးဖယ်ပါဆို"

First & Last Love (Completed)Where stories live. Discover now