(Unicode)
First & Last Love
Part -2
စံမြန်းတို့ မေဂျာအဆောင်ကို အခန်းသွားကြည့်ပီးတာနှင့် ဆိုင်ကယ်နဲ့ ဦးပိန်ဘက် အဖွဲ့လိုက် ထွက်ခဲ့ကြသည်။ တံတားအောက်နားကဆိုင်မှာ ထိုင်ကြသောအခါ ကိုကြီးက စံမြန်းနှင့် မျက်နှာချင်းဆိုင် ခုံမှာထိုင်လိုက်၏၊ ဂျင်းဘောင်းဘီကို ရှပ်အင်္ကျီလက်ရှည်အနက်နဲ့ တွဲဝတ်ပီး အင်္ကျီလက်ကို တံတောင်အောက်နားထိခေါက်ထားတော့ သွေးကြောစိမ်းတွေ ရှိတဲ့ ကိုကြီးလက်နဲ့ အတော်ကို ကြည့်ကောင်းနေတော့တာပင်။ ကြယ်သီးကို အပေါ်၂လုံးဖြုတ်ပီး ဝတ်ထားတော့ နကို အသားဖြူတဲ့သူက အင်္ကျီအနက်ကြောင့် ပိုဖြူသလိုတောင်ထင်ရ၏။ ကိုကြီးတို့အဖွဲ့ထဲ ကျန်တဲ့သူတွေလဲ ကြည့်ကောင်းကြပေမယ့် စံမြန်းရဲ့မျက်စိထဲတော့ ကိုကြီးသည်သာ အတောက်ပဆုံးပါ။
အရင်လိုဆို စကားတွေပြောဖြစ်ကြပေမယ့် ဒီနေ့မှ မျက်နှာတည်ကြီးဖြစ်ပီး ငြိမ်နေတဲ့ ကိုကြီးကို စံမြန်းမှာ မကြာခဏ ခိုးကြည့်မိနေသည်။ ကိုကြီးနဲ့ စံမြန်း အနေစိမ်းသွားရတာ စံမြန်းဘက်က ဆင်ခြင်ခဲ့တာကြောင့်လည်း ပါမယ်ထင်ပါတယ်ရဲ့။ ကိုကြီးကိုခိုးခိုးကြည့်ရင်း ကနေ ကိုကြီးနဲ့ စတွေ့တဲ့နေ့လေးကို ပြန်တွေးမိသေးသည်။ ကိုကြီးကတော့ စံမြန်းကို စံမြန်းတို့ ၉တန်းနှစ် စံမြန်းတို့တက်တဲ့ ကျူရှင်ကျောင်းရဲ့ ဆရာကန်တော့ပွဲနေ့မှာ စသိတယ်ပြောပေမယ့် စံမြန်းကတော့ ကိုကြီးကို အဲ့အရင်တည်းကသိပီး ရင်ခုန်ခဲ့ရတာပါ။ စံမြန်းကိုကြီးကို စသိတာက စံမြန်း ၇တန်းနှစ် ကိုကြီးက ၉တန်းနှစ်မှာပင်။
လွန်ခဲ့သော လေးနှစ်.....
စံမြန်းတို့ ဘေးအိမ်က အမကြီးက နေ့လည်ကျ သူ့အမျိုးတွေရွာကို သွားမှာမို့ သူတက်တဲ့ "-----"ကျူရှင်မှာ ခွင့်သွားတိုင်မလို့ စံမြန်းကို အဖော်ခေါ်တော့ သူ့ကျူရှင်ကို လိုက်လာခဲ့တာ ဖြစ်သည်။
" စံမြန်းရေ ဒီနားက ခဏစောင့်နော် အခန်းထဲက သူငယ်ချင်းတွေကိုလဲ ဆရာ မဝင်ခင် သွားပြောလိုက်ဦးမယ်"
"ဟုတ်ရတယ် မကြီး"
စံမြန်းဘေးအိမ်က အမကြီးကို စောင့်နေတုန်း စံမြန်းရဲ့ နောက်ကျောကို တစ်ယောက် ယောက်နှင့် တိုက်မိသွားတော့ စံမြန်းကျောအောင့် သွားတော့သည်။
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး