(Unicode)
First & Last Love
Part -4
မနက်စောစော မက်ဆင်ဂျာက စာဝင်နေတာတွေ့လို့ ကြည့်လိုက်တော့ ကိုကြီးဆီက ဖြစ်နေသဖြင့် အမြန် ဖွင့်ဖတ်လိုက်မိသည်။
📩 *မောနင်း ညီမလေး🤍
အကို မေးခွန်းဟောင်း ရှာထားပေးပီးပီနော်.. ညနေ ငဆက် ဟေမာန့်ဆီလာမှ အကိုလိုက်လာပီးပေးတော့မယ်*ကိုကြီးဆီက စာဝင်နေတာတွေ့တော့ စံမြန်းရဲ့ နှလုံးသားလေးကို မနက်စောစော အလုပ်ပေးပီး ခုန်ပေါက်ခိုင်းမိပြန်သည်။ စာလေးတစ်ကြောင်းကို ဘယ်နှခါမှန်းမသိ ပြန်ဖတ်နေရင်း တစ်ယောက်တည်း ပြုံးဖြီးဖြီးကြီး ဖြစ်နေကာ စာကိုထပ်ဖတ်ဖို့ ဖုန်းဆီအကြည့်ရောက်မှ နာရီကိုမြင်တော့ ကျူရှင်နောက်ကျတော့မည်ဆိုတဲ့အသိနဲ့ မြန်မြန်စာပြန်ပို့ဖို့လုပ်ရသည်။
စာပို့ထားတာက လွန်ခဲ့တဲ့ နာရီဝက်လောက်ကမို့ ကိုကြီးကို လိုင်းပေါ်မတွေ့တော့သဖြင့် စံမြန်းလည်း စာပဲ အမြန် ပြန်ပို့ထားလိုက်တော့သည်။
"ဟုတ်ကဲ့ ကျေးဇူးအများကြီးပါနော်အကို"
စာပို့ပီးတာနဲ့ ကျူရှင်သွားဖို့ ပြင်ဆင်ရတော့သည်။ နောက်ကျရင် ထိုင်ထလုပ်ရမှာမို့ ပြင်ဆင်ပီးတာနဲ့ သုတ်ခြေတင်ပြေးရတော့၏။ ညနေကျ ကိုကြီးက မေးခွန်း ဟောင်းကို အဲ့နှစ်အတွက် တိုင်းဒေသကြီးအကုန်စာ ရှာပေးထားသောကြောင့် မေးခွန်းဟောင်းရလို့ ပျော်တာထက် ကိုကြီးက ငါ့ကိုဂရုစိုက်ပေးနေတာပါလားဆိုပီး ကြည်နူးမှုဖြစ်တာကပိုရသည်။
"ညီမလေး သင်္ချာကို စိတ်ဝင်စားရင် ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ unseenမေးခွန်းတွေပါ ဖြေကြည့်ပါလား"
"ဟဲ.... ဟဲ.... အဲ့လောက်ကြီးကျ အဆင်မပြေလောက်ဘူး.... အကိုရဲ့.... ခု ဒီဆယ်တန်းရောက်မှ တစ်သက်လုံးစာ အိပ်ရေးပျက်ခဲ့သမျှတွေကို ပေါင်းအိပ်ချင်နေသလိုပဲ စာအကြောင်းပြောရင် မျက်လုံးကစင်းလာရော"
"ဟုတ်ပါ့ဟယ်..... ငါလဲ မြန်မာစာအချိန်ဆို မျက်လုံး အတင်းပြူးထားရတယ်.... ကမ္ဘာ့အလေးဆုံးက မျက်ခွံဆိုတာ ခုတော့ ယုံသွားပီ"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး