(Unicode)
First & Last Love
Part -6
ကိုကြီးတို့မေဂျာ welcomeနေ့မှာ စံမြန်းတို့တွေအဖွဲ့လိုက် သွားကြသည်။ ကိုကြီးတို့အဖွဲ့က မေဂျာ ကျောင်းကောင်စီအဖွဲ့ထဲပါလို့ အကျွေးအမွေးနဲ့ ဧည့်ခံ ကြိုဆိုရေးထဲ ပါတာကြောင့် အလုပ်ရှုပ်နေကြ၏။ စံမြန်းရဲ့ ကိုကြီးက ရှပ် အင်္ကျီ မိုးပြာရောင်ကို ဂျင်းဘောင်ဘီ အနက်ရောင်ထဲ ထည့်ဝတ်ထားပီး သူဝတ်နေကျ စတိုင်လ်အတိုင်း လက်ကို တံတောင်ဆစ်ထိခေါက်ကာ... ရှေ့ကြယ်သီး ၂လုံးကိုဖြုတ်ပီး ဝတ်ထားသည်။ ပြုတ်နေတဲ့ ကြယ်သီးနေရာကနေ တစွန်းတစပေါ်နေတဲ့ ရင်ဘတ်ဖြူဖြူပေါ်မှာ ရင်ဘတ်မွှေးလေး နည်းနည်းကို တွေ့လိုက်ရတော့ ဘာမဆိုင်ညာမဆိုင် ကိုကြီးရဲ့ အင်္ကျီကြယ်သီးကိုသာ ပြေးတပ်ပေးချင်မိတော့သည်။ အဲ့ကိုကြီးဟာလေ သိပ်ပဲများတာပဲ။
✨✨✨
သွေး ငယ်တို့လာတာတွေ့လို့ ကြည့်လိုက်တော့ ငယ်က မိုးပြာရောင် ဝမ်းဆက်လေးနှင့်ပါ။ အင်္ကျီလေးက ခါးလွတ်လေးမို့ ခါးဖွေးဖွေးလေးတွေ ပေါ်လာတိုင်း ပြေးဖက်ပီး အုပ်ထားချင်စိတ်ကို ထိန်းထားရသည်။ ချစ်ဖို့ကောင်းတဲ့ စတော်ဘယ်ရီရောင် နှုတ်ခမ်းလေးကိုလဲ ချွန်ပီးလုံးနေအောင် တစ်ယောက်တည်း ဘာတွေ ပွစိပွစိပြောနေမှန်းမသိပေ။ အဲ့နှုတ်ခမ်းလေးကို ပြေးကိုက်လိုက်ရရင်တော့ ငိုသွားမှာ မြင်ယောင်သေး၏။ **စိတ်ထိန်းစမ်း တော်ဝင်သွေး ဟိုက မင်းအပိုင် မဟုတ်သေးဘူးလို့** ကိုယ့်ကိုယ်ကိုသတိပေးနေရသည်။
"ဟိတ် ပါးစပ်က ပွစိ.. ပွစိနဲ့ တစ်ယောက်တည်း ဘာတွေပြောနေတာလဲ"
**ဟွန့် သူပဲများတာကို ပြောနေတာလို့ပြောရင်လဲ မကောင်းရှိတော့မယ်** လို့ စိတ်ထဲက တစ်မျိုး ပြောပေမယ့် အပြင်ကတော့ အပြုံးဖြင့်သာ ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး အဂ္ဂတို့က ဘယ်ချိန် kingရွေးမှာလဲဟင်"
"အင်း ခဏနေ ရွေးတော့မှာ"
ကိုကြီးနဲ့ စကားပြောနေစဉ် ကိုဆက်ပါရောက်လာတော့၏။
"ဟာ ဟေမာန် ရောက်ပီလား... ကိုယ့်ကို ဖုန်းဆက်လိုက်တာမဟုတ်ဘူး"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး