Part-11⚠️⚠️

28.4K 255 0
                                    

(Unicode)

First &  Last  Love

Part -11

👉အမှောင်ခန်း မဖတ်တတ်သူများ Facebookမှာ ဖတ်ပေးနော်❤️

ဒီနေ့က ကိုကြီးနဲ့ ချစ်သူဖြစ်ပီးမှ ပထမဆုံး ကျောင်းစတက်ရမယ့်နေ့မို့ စံမြန်းမှာ ရင်ခုန်နေမိသည်။ ကိုကြီးက အိမ်ကိုလာခေါ်ပေးမယ်ပြောပေမယ့် ရွှန်းလဲ့တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ ကျောင်းမှာပဲစောင့်နေဖို့ ပြောထားရ၏။ ရည်းစားလေးနဲ့ တူတူ ပထမဆုံးကျောင်းတက်ရမှာမို့ အလှပြင်သွားချင်သော်လည်း မပြင်တတ်သူမို့ နို့ရည်နဲ့ suncreamပဲလူးပီး ပေါင်ဒါလေးရိုက်လိုက်ကာ နှုတ်ခမ်းနီအဆီလေးဆိုး၍ အလှပြင်ခြင်းကို အဆုံးသတ်လိုက်သည်။ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေပီမို့ မေမေတို့အခန်းထဲဝင်နှုတ်ဆက်တော့ မေမေက သနပ်ခါးလူးနေ၏။ စံမြန်းရဲ့မေမေက ဆိုင်မလိုက်ပဲ အိမ်မှာပဲနေတဲ့နေ့ဆို သနပ်ခါးလေးအမြဲလိမ်းတတ်သည်။

"မေမေ သမီးကျောင်းသွားတော့မယ်"

"သွားတော့မလားသမီး... ငါ့သမီးလေးက မြန်မာဝမ်းဆက်လေးနဲ့လဲ လှနေတော့တာပဲ"

"မေမေ့သမီးပဲလေ... လှမှာပေါ့... ဖေဖေရောမေမေ"

"သမီးဖေဖေက ရေချိုးနေတုန်း... သမီး သနပ်ခါးလေး လူးသွားပါလား... မေမေ့သမီးလေးကို သနပ်ခါးလေးနဲ့ မမြင်ရတာတောင်ကြာပီ... မေမေလူးပေးမယ်လေနော်"

အဲ့ချိန်ရေချိုးခန်းထဲက ထွက်လာတဲ့ ဖေဖေကပါ ဝင်ပြောလာသည်။

"ဖေ့သမီး ကျောင်းသွားတော့မလို့လား...  သနပ်ခါးလေးလူးသွားပါလား ဖေ့သမီးရဲ့... သမီးငယ်ငယ်က သနပ်ခါးလေးလူးထားရင် သိပ်ချစ်စရာကောင်းတာ... ဖေ့သမီးက တက္ကသိုလ်ကျောင်းသူဖြစ်တော့ ရှက်လို့လားကွ"

မေမေရော ဖေဖေကပါ လူးစေချင်တာမို့ စံမြန်းလူးလိုက်ရသည်။ဖေဖေနဲ့မေမေက သူတို့သမီးကို ခုထိ အထက်တန်းကျောင်းသူ ထင်နေလားမသိပေ။

"မေမေလူးပေးနော်"

"လူးပေးမှာပေါ့... မေမေ့ကလေးလေးကို"

မေမေကသနပ်ခါးလူးပေးပီးတော့ စံမြန်းဆံပင်ကို ငါးရိုးကျစ်ဆံမြှီး ၂ဖက်ခွဲကျစ်ပေးသည်။  ချစ်သူလေးနဲ့ ကျောင်းတူတူစတက်မယ့်နေ့မှာ အလှမပြင်တတ်ရတဲ့အထဲ သနပ်ခါးနဲ့ ဂွမ်းနေသော စံမြန်းပါ။ အားလုံးပီးတော့ ရွှန်းလဲ့ လာတာနဲ့ ကျောင်းကို ထွက်လာခဲ့ကြသည်။

First & Last Love (Completed)Where stories live. Discover now