(Unicode)
First & Last Love
Part- 18
👉အမှောင် မဖတ်တတ်သူများ Facebook မှာဖတ်ပေးပါနော်❤️
လက်တစ်ဖက် ထုံကျင်မှုကြောင့် သွေးနိုးလာခဲ့၍ ကုတင်ဘေး ခုံပေါ်က နာရီကို လှမ်းကြည့်မိတော့ မနက် ၅နာရီကျော်ပဲရှိသေး၏။ ရင်ခွင်ထဲက ငယ်ကတော့ ခုထိမနိုးသေးပေ။ ငယ့်ကို တကယ်ပိုင်ဆိုင်လိုက်ရပီမို့ ပျော်ရွှင်မှုကို ဘာနဲ့ဖော်ပြရမှန်းမသိပါ။ ငယ့်မျက်နှာ အနှံ့ သေချာကြည့်ပီး အစိတ်အပိုင်းတစ်ခုစီကို အနမ်းဖွဖွပေးနေမိသည်။
အကြည့်တွေကို အောက်ဖက် ရွှေ့မိတော့ ခပ်လျော့လျော့ ဖြစ်နေတဲ့ bathrobe က ရင်ဘတ်နေရာဟနေတာမို့ ငယ့်ရင်ဘတ်ပေါ်က မာကင်ရာတွေသာမက ဖြူဖြူဖွေးဖွေး အသားစိုင်လေးတွေကိုပါ မြင်နေရတာမို့ သွေးရဲ့ညီတော်မောင်က မနက်စောစော ထကြွလာတော့သည်။
သွေးလည်း စိတ်ကို အလိုလိုက်မိတော့သည်။
✨✨✨
ကိုကြီးရဲ့ အချစ်ခရီး ပီးဆုံးမှ နှစ်ယောက်သား မနက်စောစော ရေချိုးကာ အဝတ်စားလဲပီးအပြင်ထွက်ဖို့ ပြင်ဆင်တော့ ကိုကြီးက ဇာဂါဝန် နီညိုရောင် လည်ပိတ်လေးကို ဝတ်ဖို့ ရွေးပေးလေသည်။ ကိုကြီးလည်း အဝတ်စားလဲပီးပီမို့ အပြင်ထွက်ဖို့ပြင်တော့ ကိုကြီးကစံမြန်းကို အိပ်ယာနားပြန်ဆွဲခေါ်ကာ အိပ်ယာဘေးက အံဆွဲထဲကနေ ဘူးတစ်ဘူးကိုထုတ်လိုက်ပီး စံမြန်းတို့ ပြသနာတက်တဲ့နေ့က ပြန်ပေးခဲ့တဲ့ လက်စွပ်နဲ့ Bracelet ကိုပြန်ဝတ်ပေး၍ စံမြန်းရဲ့လက်ဖမိုးလေးကို နမ်းရှိုက်လိုက်သည်။
"ပြွတ်စ်..နောက်ဘယ်တော့မှ ထပ်မချွတ်နဲ့တော့နော်" ပြောလာတာမို့ စံမြန်းလဲ အိတ်ထဲအမြဲ ထည့်ထားတဲ့ ဘူးထဲကနေ ဆွဲကြိုးနဲ့ foot chain ကိုထုတ်ကာ ပြန်ဝတ်ခိုင်းလိုက်သည်။"ကိုကြီးပြန်ဝတ်ပေး"
"ခုထိသိမ်းထားတာလား"
"ကိုကြီးတောင် လက်စွပ်နဲ့ Bracelet ကိုသိမ်းထားပေးသေးတာပဲ.... ငယ်က ဒါကိုသိမ်းမထားပါဘူးနော်... ဟိုမှာအမြဲဝတ်ထားတာ... မနေ့က ကိုကြီးနဲ့တွေ့မှာမို့ ချွတ်ပီး အိတ်ထဲထည့်လိုက်တာ... မယုံဒီမှာကြည့်"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး