(Unicode)
First & Last Love
Part -10
စံမြန်းတို့အဖွဲ့ နောက်တစ်နေ့မနက်စောစော ပင်းတယလှိုဏ်ဂူနဲ့ ကုံလုံဆရာတော်ကျောင်းကို သွားဖူးကြပီး နေ့လည်စာကိုတော့ ဟိုတယ်မှာပဲ ပြန်စားဖြစ်ကြသည်။ နေ့လည်ခဏနားပီး ညနေပိုင်းကျ စံမြန်းတို့ မိန်းကလေးတွေချည်း ဆိုင်ကယ်နဲ့ မြို့ပတ် ဓာတ်ပုံရိုက်ဖို့ စီစဉ်ထားကြသည်။ ကိုကြီးတို့ပါလဲ ဘာမှမဖြစ်ပေမယ့် စံမြန်းတို့က ဓာတ်ပုံအေးဆေးရိုက်ဖို့ပဲမို့ ယောက်ျားလေးတွေစောင့်ရမှာအားနာသလို စံမြန်းတို့က အတွဲတွေနဲ့ပဲဆို တစ်ယောက်တည်းသမား ရွှန်းလဲ့ကိုအားနာတာလဲပါ၏။ အဲ့တာကြောင့် ဒီညနေရယ် မနက်ဖြန်မနက်ရယ်ကို သူငယ်ချင်းတွေချည်းပဲလည်ဖို့ စီစဉ်ထားတာပင်။ နေ့လည်စာစားပီး အခန်းပြန်နားမယ်လုပ်တော့ ကိုကြီးက စံမြန်းကို တိုးတိုးကပ်ပြောလာသည်။
"ငယ်... ကိုယ်ပေးထားတဲ့အရုပ်လေးသွားယူပီး ကိုယ်နဲ့ခဏလိုက်ခဲ့ဦး... ကိုယ်ပြောစရာရှိလို့"
"ဟုတ်"
ကိုကြီးပြောသလို ကိုကြီးပေးထားတဲ့ stitch ရုပ်လေးသွားယူပီး ကိုကြီးနောက်လိုက်လာခဲ့လိုက်သည်။ ကိုကြီးက စံမြန်းကို ဟိုတယ်ရဲ့ ပန်းခြံဘက်က ခုံတန်းလေးဆီခေါ်လာခဲ့၏။
"ကိုကြီး... ငယ့်ကိုဘာပြောမလို့လဲဟင်... ဒီဟာရော ဘာလို့ယူခိုင်းတာလဲ"
ကိုကြီးက စံမြန်းမေးတာကို မဖြေပဲ စံမြန်းလက်ထဲက အရုပ်လေးကိုယူပီး အရုပ်အောက်ခြေက ဇစ်လေးကိုဖွင့်လိုက်၏။ ပီးနောက် အရုပ်လေးထဲလက်နှိုက်လိုက်ပီး ပြန်ထုတ်တော့ စာလေးတစ်စောင်ပါလာသည်။ စာခေါက်လေးကိုဖွင့်လိုက်တော့မှ အထဲမှာ ပလက်တီနမ်ကြိုးမျှင်လေးကိုမှ အသဲပုံလော့ကတ်လေးနဲ့ ဆွဲကြိုးတစ်ကုံး ထွက်လာလေသည်။ အဲ့တာတွေ အရုပ်ထဲမှာရှိနေတာကို စံမြန်းလုံးဝမသိခဲ့ပေ။
"ကိုကြီး ဒါက..."
"ဒါက ကိုယ်ငယ့်ကိုပေးကတည်းက ဒီထဲမှာသေချာထည့်ထားခဲ့တာ.... တခြားသူတွေကိုက ဒီတိုင်းအရုပ်သက်သက်ပဲပေးလိုက်တာ... အဲ့တာကိုမသိပဲကောင်မလေးတစ်ယောက်က အူတိုနေသေးတာပါကွာ"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး