(Unicode)
First & Last Love
Part -5
စံမြန်း အတိတ်အကြောင်းတွေထဲ မျောနေစဉ် ကိုထက်အောင် စကားကြောင့် အတွေးတွေ ရပ်သွားရ၏။
"အကိုတို့ ဒီမနက်ထိုင်တဲ့ ကန်တင်းကဆိုင်က သန့်လဲ သန့်တယ်... လက်ရာလဲ ကောင်းတယ်.... နောက်လဲ အဲ့မှာပဲ ထိုင်ကြရအောင်..."
"ဟုတ်တယ်နော်.... ကိုထက်အောင် အဲ့ဆိုင်က ဈေးလေးလဲ မဆိုးဘူး"
"ဟုတ်တယ် အရင်နှစ်တွေကလဲ အကိုတို့ အဲ့မှာပဲ ထိုင်ကြတာ..."
စကားကြော ဖြောင့်နေသော ရွှန်းလဲ့နဲ့ ကိုထက်အောင်ရဲ့ စကားကို စံမြန်း ဖြတ်ပြောလိုက်သည်။
"ငါတို့ ဒီနေ့တော့ အတန်းမတက်ဖြစ်ပေမယ့်.... နောက်နေ့တော့ တက်မှဖြစ်မယ်ထင်တယ်နော်"
"အေးပါ စံမြန်းရယ် နင်ကလဲ ဒီနေ့မှ ကျောင်းစဖွင့်တာကို အေးဆေးပေါ့"
စံမြန်းကို ပိုရန်ကောဆိုသည့် ပုံစံဖြင့် သံသာက ပြောတော့သည်။
"အမလေး နင်တို့ ၂ယောက်က ရည်းစားလေးတွေနဲ့ဆိုတော့ သာယာတာပေါ့.... ငါနဲ့ရွှန်းလဲ့က အပြင်ချည်း ထွက်နေရင် ကျောင်းမှာ ဘယ်ချိန် ရည်းစားသွားရှာရမလဲ"
"ကောင်မလေးတွေ ဒီနေ့မှကျောင်းစတက်တယ် ရည်းစားလိုချင်နေပီပေါ့"
"ဟဲ.... ဟဲ.... သဘောပြောတာပါ ကိုရဲရင့်ရယ်"
စံမြန်းသံသာ့ကို စတော့ ကိုရဲရင့်က စံမြန်းကို စပီး ပြန်မေးလေသည်။
"သံသာ မနက်ဖြန်ကျ ကျောင်းသွားဖို့ မောင်လာခေါ်မယ်နော်"
"သံသာတို့မိန်းကလေးတွေ တူတူလာကြတာလေ ကျောင်းကပဲစောင့်ပါ"
"ဟာ.... သံသာကလဲ မောင်လည်း ကိုယ့်ချစ်သူလေးနဲ့ တူတူ ဆိုင်ကယ်စီးပီး ကျောင်းအသွားအပြန် လုပ်ချင်တာပေါ့.... ကိုဆက်လည်း ဟေမာန်နဲ့တူတူလာချင်မှာပဲလေ.... အဲ့ ရည်းစားမရှိတဲ့ ၂ယောက် သူ့ဟာသူ သွားပါစေ"
"အမလေး ငါတို့များ စော်စော်ကားကား... ဟဲ့... ရည်းစားက မထားချင်လို့ မရှိတာ၊ သံသာ နင်နောက်နေ့ အဲ့ကောင်နဲ့ပဲသွားတော့... ဟေမာန်လဲ ကိုဆက်နဲ့သွား ငါနဲ့ စံမြန်း ကိုယ့်ဟာကို လာခဲ့မယ်"
YOU ARE READING
First & Last Love (Completed)
Romanceကိုယ့်ထက် အသက်၂နှစ်ကျော်ကြီးတဲ့ ကိုကြီးကို ဆယ်ကျော်သက်အရွယ်မှာ တခါလေး အမှတ်မထင်ဆုံရာက တစ်ဘဝစာ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး