'' ဆိုဟွီးရားးး အီဆိုဟွီးးး ´´
အိမ်ရှေ့ကနေ ကျယ်ကျယ်အော်ခေါ်နေတဲ့ ဆွန်းဟန်ကို ဆိုဟီးအမေက ထွက်လာပြီး ပြောလိုက်သည်
'' ဆွန်းဟန်နီလား ... ဆိုဟွီးက အခုလေးတင်
ထွက်သွားပြီ ´´'' ကျွန်တော့်ကို မစောင့်ဘဲ သွားပြန်ပြီ ဆိုးလိုက်တာ ကျွန်တော် အမြန်လိုက်သွားလိုက်မယ် ရာသီဥတုက အေးနေသေးတယ် ဂရုစိုက်နော် အမေ ´´
'' သားလည်း ဂရုစိုက်ပါ သတိထားသွားနော် ´´ဆွန်းဟန်တစ်ယောက် စက်ဘီးကိုလှည့်ပြီး ခပ်သွက်သွက်နင်းလိုက်ရင်း လမ်းဆုံမီးပွိုင့်မှာ
ဆိုဟွီးကို လှမ်းမြင်မှ ပြုံးနိုင်တော့သည် ...'' ဆိုဟွီး ဘာလို့ ငါ့ကို မစောင့်ပြန်တာလဲ ´´
'' ဖယ်စမ်းပါ ကိုယ့်ဘာသာသွား ကျောင်းရောက်ရင်လည်း မင်းမျက်နှာကြီး အမြဲတွေ့နေရမှာကို ဒီအချိန်လေး တစ်ယောက်ထဲ အေးဆေးနေချင်လို့ ´´ဆိုဟီးက သူ့ပခုံးပေါ်တင်လာတဲ့ ဆွန်းဟန်လက်တွေကို ဖယ်ချရင်း ပြောလိုက်သည် ...
'' ဆိုဟွီးကလည်း ... ´´
ဆွန်းဟန်က ထပ်ပြီး ဆိုဟွီး ဆံပင်တွေကို ဖွလိုက်ရင်း မျက်နှာပြောင်နေသေးတော့ ဆိုဟွီးလည်း ...'' ငါ မင်းနောက်က အေးဆေးထိုင်လိုက်တာ
ပိုအေးချမ်းမယ်ထင်တယ် မဟုတ်ရင် ကောင်းကောင်းသွားရမှာ မဟုတ်ဘူး ´´
'' ဟဲ ဟဲ ဒီလိုမှပေါ့ တက် တက် အေးတယ် ´´ကျောင်းပြန်ဖွင့်တာ ရက်သတ္တပတ်ကြာပြီးနောက် ဆရာတွေက စာသင်တာကို အရှိန်မြှင့်ပြီး ကျောင်းသားတွေကို အာရုံပိုစိုက်စေတော့သည် ...
အထက်တန်းတတိယနှစ်ရဲ့ ထိပ်ဆုံးတန်းမှာ
အပြိုင်အဆိုင်များပြီး အပြင်းအထန်ကြိုးစားနေကြပေမယ့် အခန်းရဲ့ နောက်ဆုံးတန်း ပြတင်း ပေါက်နားမှာတော့ အေးအေးလူလူ အိပ်နေသည့်ကျောင်းသားတစ်ယောက်ရဲ့ နားကြပ်က ဆွဲဖြုတ်ခြင်းခံလိုက်ရသည် ...'' ဟေ့ကောင် ဆရာစာမေးနေတယ် ထတော့ ´´
တာရိုရဲ့ လေသံတိုးတိုးနဲ့အတူ ဆောင်းချန်က
မျက်လုံးကိုပွတ်ရင်း ဟူဒီခေါင်းစွပ်ကို ပြင်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည် ...