~ ၅ ~

226 20 16
                                    

'' ဟေ့ကောင် … မင်းက အရံပဲနေမှာကို ဘာလို့
ဝင်မှာလဲ ´´
ကစားဖို့ ထလာသည့် ဆောင်းချန်ကို အွန်းဆော့‌
ပြောလိုက်ပြီးမှ ဝွန်ဘင်းရှိနေသည်ကို သတိရသွားပြီး တာရိုနှင့် မျက်နှာချင်းဆိုင် ရယ်မိလိုက်သည် …

ဆောင်းချန်ကတော့ နှစ်ယောက်လုံးကို ဝင်တိုက်ပြီး ဘောလုံးကို ကောက်ကိုင်ရင်း ဝွန်ဘင်းရှိရာသို့ တစ်ချက်ကြည့်လိုက်သည် …

ဝွန်ဘင်းက ဆောင်းချန်သူ့ကို ကြည့်တာမြင်လိုက်သည်နှင့် ခေါင်းကို ထပ်ငုံ့မိလိုက်သည် …

^^ ဘာလို့ ရှောင်နေတာလဲ ပတ်ဝန်ဘင်း ^^

ဝွန်ဘင်း ကိုယ့်ကိုကိုယ်လည်း နားမလည်နိုင်
ဖြစ်နေသည် …

ဆိုဟွီးကတော့ ဆွန်းဟန်ရှိသည့်အသင်းကို အော်ပြီး အားပေးနေသည် … ဝွန်ဘင်းလည်း ထပ်တူပင် …

အချင်းချင်းလေ့ကျင့်တာဖြစ်၍ တာရိုနှင့်ဆောင်းချန်က တစ်သင်းအတူတူကျပြီး ဟဟအွန်းဆော့နှင့်ဆွန်းဟန်က တစ်သင်းဖြစ်နေသည် ...

'' မင်း ဘာလို့ ငါ့ကို ဒီဘက်အသင်းထဲ ထည့်လိုက်တာလဲ ´´
ဆောငချန်က အွန်းဆော့ကို ရန်လုပ်တော့       အွန်းဆော့က ပြုံးစိစိနှင့် ပခုံးတွန့်ပြသည် …

အသင်းတူ တာရိုက ဆောင်းချန်ပခုံးကိုဖက်ပြီး နှစ်သိမ့်သလို ခေါင်းညိမ့်ပြပေမယ့် မျက်နှာက ရယ်ကျဲကျဲမလို့ နှစ်ယောက်လုံးကို ဆောင်းချန် ကြိတ်ပြီး ကျိန်ဆဲလိုက်သည် …

ဝွန်ဘင်း အားပေးတာခံချင်တဲ့ရောဂါမလို့ တစ်ကယ့်ပြိုင်ပွဲနေ့တွေကျရင်တော့ အကောင်ပေါက်လေးကို မြင်ရဖို့ ဆောင်းချန် ဆန္ဒပြုလိုက်သည်

နှစ်ဖက်အသင်းက သားရေကျနေပြီးမှ      ဆောင်းချန်တို့အသင်းက အမှတ်သာသွား၍ အပြင်းအထန်ယှဥ်ပြိုင်ရာက ဆွန်းဟန်ဘောလုံးကို သယ်သွားရင်း တစ်ဖက်ကလူတွေနဲ့ ညပ်ပြီး ချော်ကျသွားသည် ...

ကြည့်နေသည့် ဝန်ဘင်းနှင့်ဆိုဟီးလည်း စိုးရိမ်ပြီး မတ်တပ်ရပ်လိုက်မိသည် ...

အွန်းဆော့က ပြေးသွားပြီး ဆွန်းဟန်ကို ဆွဲထူဖို့ ကြိုးစားလိုက်ပေမယ့် ဆွန်းဟန်က ချက်ချင်းထရပ်လိုက်ပြီးမှ ခြေထောက်ကတော့ ခေါက်သလိုဖြစ်သွားတာမလို့ အနည်းငယ်နာသွားသည်...

Connection ( Completed )Where stories live. Discover now