~ ၁၀ ~

214 24 23
                                    

အိမ်ရောက်တော့ ဆောင်းချန် ရေချိုးဖို့ပြင်ပြီးမှ
ပခုံးက ပလာစတာလေးကို သတိရသွားသည် …

^^ ခွာလိုက်ရမလား ခွာလို့မဖြစ်ဘူး ကလေးက
ကပ်ပေးထားတာ ခွာပြီးတင်ထား ရေချိုးပြီးမှ ပြန်ကပ်ရင်ရော … ရေကလည်းချိုးမှအိပ်လို့ကောင်းမှာ ဘာလုပ်ရမလဲ … ^^

ခါးထောက်ပြီး ဧည့်ခန်းကို ရှေ့နောက်လျှောက်ရင်းကို ဆောင်းချန် အတွေးများနေသည် …

နောက်ဆုံးတော့ ပလာစတာမခွာဘဲ ရေချိုးလိုက်ပြီး ခေါင်းခြောက်အောင် လေမှုတ်စက်ပေးရင်း ပလာစတာကိုပါ ခြောက်အောင် လုပ်ရတော့ သည် …

ပြီးတော့ သူ့အဖြစ်ကို ဝွန်ဘင်းဆီ စာပို့ပြီး ပြောပြတော့သည် …

'' ပလာစတာမခွာဘဲ ရေချိုးလိုက်တယ် … ပြီးမှ ခြောက်အောင် အပူပေးလိုက်တာ ´´

ဝွန်ဘင်းက တော်တော်နှင့် စာမပြန်လာဘဲ
ဆောင်းချန် အိပ်ရာပေါ် လှဲနေတော့မှ စာပြန်လာသည် …

'' ဟင်😳 မျက်လုံးလေးပြူးနေသည့် အီမိုဂျီ ´´
'' ဟား ဟား အဲ့လိုပဲ ´´

'' အသစ်ပြန်ကပ်လိုက်ပါလား hyung ရဲ့ ´´
'' နောက်နေ့မှ ကပ်မယ် … ´´

'' သက်သာရဲ့လား ´´
'' နည်းနည်းတော့ နာနေတယ် … ရေချိုးပြီး
ဟိုရှင်း ဒီရှင်းလုပ်မှ လက်က နာသလို ခံစားရတာ ´´

''ဆေးသောက်ပြီး အိပ်တာကောင်းတယ် ပြိုင်ပွဲလည်းရှိသေးတော့‌ လိုအပ်ရင် ဆေးခန်းပြလိုက်လေ´´
'' ဆေးသောက်လိုက်မယ် … ဂရုစိုက်ပေးတဲ့သူရှိတာ ကောင်းလိုက်တာ ´´

'' ဟားးး … စောစောအနားယူပါ hyung … ´´
'' ကလေး .. ´´

ရိုက်လိုက်တဲ့စာကို ပြန်ဖျက်ပြီးမှ ...
'' ကောင်းသောညပါ … ဝွန်ဘင်းနီ´´

ဆောင်းချန် အင်စတာဂရမ်မှာ ဆုရကြောင်းပုံနှင့် ဘောလုံးအဖွဲ့ပုံ တင်ထားသည်ကို ဝွန်ဘင်း လိုက်ခ်လုပ်ကြောင်း တက်လာသည်မလို့
ဆောင်းချန် မျက်ခုံးပင့်ပြီး ပြုံးလိုက်သည် …

ချက်ချင်း အုပ်စုဖွဲ့ချက်ဆီသွားပြီး ဝွန်ဘင်းနှင့်စကားပြောသည့်အကြောင်းတွေ အင်စတာဂရမ် လိုက်ခ်ပေးကြောင်းတွေကို စီကာပတ်ကုံး
ပြောနေသည်မလို့ အွန်းဆော့နှင့်တာရိုက
အမြင်ကပ်လာပြီး ...

Connection ( Completed )Where stories live. Discover now