~ ၁၂ ~

192 21 20
                                    

'' ဟဲ့ ဒဏ်ရာတွေနဲ့ သွားကြည့်ဦး ´´
အတန်းထဲက ဘေးခုံမှာထိုင်သည့် ကောင်မလေးကပါ ထပ်လာပြောတော့ ဝွန်ဘင်းတို့သုံးယောက် အခန်းပေါက်ဝဆီ အမြန်သွားကြည့်လိုက်သည်

အပေါက်ဝမှာရပ်နေသည့် မင်ဂျွန်းကြောင့် အခန်းထဲက လူတွေကတော့ စပ်စုရင်း တီးတိုးပြောနေကြပြီ … ဝွန်ဘင်းက ရှေ့တိုးဖို့လုပ်တော့ ဆွန်းဟန်က ရှေ့ကကာပြီး ကာကွယ်နေသည် …

မင်ဂျွန်းနဖူးနှင့်ပါးမှာ ရောင်နေပြီး နှုတ်ခမ်းနားမှာ သွေးစတို့ရှိနေသည် … အင်္ကျီကတော့အနည်းငယ် ပေရေနေလျက် …

''ငါ .. တောင်းပန်ချင်လို့ပါ ဝွန်ဘင်း … ဟိုနေ့က ဒဏ်ရာရအောင်လုပ်မိလို့ တောင်းပန်ပါတယ် … ငါ လောဘစိတ်ကြောင့် မှားသွားတာမလို့ ခွင့်လွှတ်ပါ … ´´

ဆွန်းဟန်က သိပ်မကျေနပ်ချင်၍ ခေါင်းခါပြရင်း ...
'' မင်းကို ဘယ်သူတွေ ဆုံးမလိုက်လို့ အပိုးကျိုးလာတာလဲ ´´
မင်ဂျွန်းက ဘာမှပြန်မပြောပေ …

'' ကိုယ့်အမှားကိုယ်သိရင် ရပါပြီ … ပြန်တော့ မင်းကို မမြင်ချင်လို့ပါ ´´

ဝွန်ဘင်းက ပြောပြီး အခန်းထဲဝင်သွားတော့
ဆွန်းဟန်က မင်ဂျွန်းကို တွန်းလိုက်ပြီး ဆိုဟွီးကလည်း ဘုကြည့်ကြည့်ပေးလိုက်တာမလို့
မင်ဂျွန်းက ထော့နဲ့နဲ့ ပြန်ထွက်သွားသည် …

'' တစ်ကိုယ်လုံးထိထားတာပဲ … ခြေထောက်ပါ ကြွထားတာ … ငါ့လက်စာတောင် မကျွေးလိုက်ရဘူး ဒီကောင် ဝသွားရော … ´´
ဆွန်းဟန်က အားရစွာပြောတော့ ...

'' သူတင်မဟုတ်ဘူး သူနဲ့ပေါင်းတဲ့ကောင်တွေပါ စုတ်ပြတ်လာတာ ငါတွေ့ခဲ့တယ် … နည်းတောင်နည်းသေး ´´

ဆွန်းဟန်ကို ဘေးခုံက ကောင်လေးက လှမ်းပြောပြီး မင်ဂျွန်းကို ကြည့်မရတဲ့ အတန်းထဲက လူတွေက ဝမ်းသာနေသည် …

'' မင်း ဘာလို့ ငါတို့ကို မပြောဘဲတစ်ယောက် တည်း လုပ်တာလဲ ´´ 

အွန်းဆော့ရော တာရိုပါ မသိအောင် ဆောင်းချန်က တစ်ယောက်တည်း မင်ဂျွန်းနဲ့ တွေ့ခဲ့သည်မလို့ တာရိုက ဆောင်းချန်လက်ထိခိုက်လာတာကို ကြည့်ပြီး ပြောလိုက်သည် ...

Connection ( Completed )Where stories live. Discover now