~ အချပ်ပို ၁ ~

123 18 29
                                    

~ ဘတ်စကက်ဘော တူတူဆော့ကြမယ် ~

'' hyung ´´
'' ဗျာ ´´

'' ဘတ်စကက်ဘောသွားဆော့ရအောင် ´´
'' ဝွန်ဘင်းနီက ဆော့တတ်လို့လား ´´

'' ဟ လူကို အထင်သေးလိုက်တာ ´´
'' မသေးရဲပါဘူး hyung က ကလေး ဆော့တတ်မှန်း မသိလို့ပါ ´´

'' hyung တို့လိုတော့ ဘယ်ကျွမ်းမလဲ ဒါပေ မယ့် ဆော့တတ်တယ် ´´
'' အိုကေ အိုကေ .. ဒါဆို ညနေကျ လမ်းနောက်က ကွင်းကို သွားကြမလား ´´

ဝွန်ဘင်းက ပျော်သွားပြီး ခေါင်းညိတ်တော့ ဆောင်းချန်က ဝွန်ဘင်း ပါးလေးတွေကို ဆွဲလိုက်သည် ..

ပိတ်ရက်မလို့ ဆောင်းချန်အိမ်မှာ ဝွန်ဘင်း စာလာလုပ်နေခြင်းပင် ...

ဆောင်းချန်လည်း ကျောင်းဖွင့်ရက် စာမေးပွဲ တစ်ခုရှိတာကြောင့် စာကြည့်နေခဲ့သည် ...

ညနေစောင်းတော့ နှစ်ယောက်သား အပျင်းတစ်ပြီး  မစားဖြစ်သည့် နေ့လည်စာကို ညစာနှင့် ပေါင်းစားကာ လမ်းနောက်ဘက်ကို ထွက်ခဲ့ကြသည် ..

'' ဝွန်ဘင်းနီ ပစ်ကြည့် ´´
ဝွန်ဘင်းက ဆောင်းချန်ပေးသည့် ဘောလုံးကိုယူပြီး ခြင်းထဲ ပစ်သွင်းပေမယ့် လွဲသွားသည် ..

'' ရော့ နောက်တစ်ခါ ´´
ဆောင်းချန်က ပြန်ကောက်ပေးပြီး ဝွန်ဘင်းကို ထပ်ပစ်ခိုင်းပေမယ့် ဒီတစ်ကြိမ်လည်း မဝင် ..

တတိယတစ်ကြိမ်လည်း ဝင်မလိုလိုနှင့် လွဲပြန်သည် ..

ဝွန်ဘင်းက ဆောင်းချန်ကို ပေစောင်းစောင်းကြည့်ကာ ..

'' အဲ့ဒါ hyung ကြောင့် ´´
'' ဟင် ဘာဆိုင်လို့လဲ ´´

'' ကျွန်တော့်ဘာသာပစ်ရင် ဝင်လောက်တယ် hyung က ကြည့်နေတော့ ´´

မဆိုင်ဘဲ အရစ်ခံလိုက်ရသည့် ဆောင်းချန်က ရယ်ရင်း ..
'' ဟုတ်ပြီ hyung ဟိုဘက်လှည့်နေပြီ ပစ် ကြည့် ´´

'' တော်ပြီ ပစ်တော့ဘူး ´´
'' ဟော .. ကလေးပဲ ဆော့ချင်တာဆို ´´

'' အင်းလေ hyung ကမှ မသင်ပေးတာ ´´
အသံလေးက တိုးတိုးသွားပြီး ပြောမှ ဆောင်းချန် သဘောပေါက်တော့သည် ..

^^ ငါကိုက တုံးတာပါကွာ ကလေးဖြစ်ချင်တာကို အလိုက်မသိတာ ^^

ဆောင်းချန်က ရပ်နေရာက ​ဝွန်ဘင်းနားပြေးသွားပြီး ဝွန်ဘင်းကိုယ်လေးကို လှည့်လိုက်ကာ ဘတ်စကက်ဘောတိုင်နှင့် တည့်တည့်ရပ်စေလျက် ...

Connection ( Completed )Where stories live. Discover now