'' hyung ... ''
'' အင်း .. ပြောလေ ''ဆောင်းချန်က ဝွန်ဘင်းဘေးက ခုံကို ဆွဲထိုင်ပြီး
ထူးလိုက်သည် ...'' ဒီမှာရေးထားတာတွေက တစ်ကယ်လား ''
'' ဟင် .. တစ်ကယ်ပေါ့ ကလေးလေးရဲ့ '''' ဒါဆိုရင် ကျွန်တော်က အချစ်ဦးပေါ့ ... ''
'' ဟုတ်တယ်လေ ''ဝွန်ဘင်းက ဆောင်းချန်းကို ပေစောင်းစောင်းလေး ကြည့်ပြန်တော့ ...
'' ဘာလဲ ... မယုံဘူးလား '''' ယုံချင်စရာမှမရှိဘဲ ... hyung က ကျောင်းမှာ နာမည်လည်းကြီးပြီး သဘောကျတဲ့လူတွေလည်း အများကြီးကို ငယ်ငယ်ကတွေ့ခဲ့တာ ထားပါ ...
ကြားမှာတော့ ဘယ်လိုမှ ကျွန်တော့်ကိုပဲ သဘောကျတယ်ဆိုတာ မဖြစ်နိုင်ဘူး ''
'' ဒါ တစ်ဖက်သတ် အတွေးလေ hyung ကတော့ ဝွန်ဘင်းလေးကို ချစ်တဲ့စိတ်က တစ်မိနစ်တောင် မပြောင်းလဲဖူးဘူး ''
ဝွန်ဘင်းက ပြုံးစိစိဖြစ်လာပြီး ခေါင်းလေးငုံ့သွားသည် .. လိုချင်နေသည့်အဖြေရသွားတဲ့ ကြောင်ပေါက်လေးလို အူကြူးကြူးလေး ...
'' ဒီစာအုပ်ကို အိမ်ယူသွားလို့ရလား ''
'' အဲ့ဒါ ကလေးအပိုင်ပဲလေ .. hyung ဆက်ရေးဖို့ တစ်အုပ်ထပ်ထားလိုက်မယ် '''' hyung က ဆက်ရေးမှာလား ''
'' ကလေးဖတ်ဖို့ တစ်သက်လုံးရေးသွားမှာ ''ဒီတစ်ခါတော့ ဝွန်ဘင်းက ခေါင်းလေးအနည်းညငယ်လှန်ပြီး မျက်လုံးတွေပိတ်အောင်ပြုံးနေသည် ...
ချစ်ဖို့ကောင်းလွန်းလို့ ဆောင်းချန်က ဝွန်ဘင်းပါးနှစ်ဖက်ကို လက်ဖဝါးထဲထည့်ပြီး စုံဖိလိုက်သည် ...
'' ကျွန်တော် ဒီလောက်မေးတာကို မသိချင်ယောင် ဆောင်နေသေးတာ တစ်ကယ့်လူ ''
ဝွန်ဘင်းက ခေါင်းပတ်အဖြူလေးကို လက်မှာ လှည့်ရင်း ပြောနေတော့ ဆောင်းချန်က ပြန်ယူလိုက်ပြီး
'' ဒီတိုင်းတောင်းဖို့ကျ ကြောင်တောင်တောင်နိုင်တယ်လေ .. ''
'' ဖုန်းနံပါတ်ကျ လှည့်ယူပြီးတော့နော် ''
'' ဒါတော့ ခံလိုက်ရတဲ့သူက ခံလိုက်ရတာလေ '''' hyunggggg ... ''
'' စတာ စတာ ဟာ ဟား ''ဆောင်းချန်က ဝွန်ဘင်းလက်ချောင်းလေးတွေကို ထိရင်း ပြောလိုက်ပြီး လက်ကိုဆွဲပြီး ထရပ်ကာ ...