~ ၂၅ ~

137 19 26
                                    

'' hyung ... အချိန်ရလား ''
'' ကလေး ဘာလုပ်ချင်လို့လဲ ''

'' ဟို စျေးဝင်ဝယ်မလားလို့ .. hyung အိမ်မှာ ဘာမှရှိမှာလည်းမဟုတ်တော့ ''
'' ဟုတ်တာပဲ .. သွားမယ်လေ ''

စားဖို့သောက်ဖို့ဆို အသင့်စားတွေနှင့် ဝယ်စားဖို့သာ သိသည့် ဆောင်းချန်က ဝွန်ဘင်းကြောင့် ပြုံးမိသည် ...

'' နောက် အတူတူနေရင် ဝွန်ဘင်းနီ လက်ရာတွေ အမြဲစားရမှာနော် ''
'' ကျွန်တော်က အဲ့လောက် မချက်တတ်ဘူး ''

'' ဝွန်ဘင်းနီ ဘာကျွေးကျွေးစားမှာပဲ ''

ဆောင်းချန်စကားက နည်းနည်း ကြက်သီးထစရာမလို့ ဝွန်ဘင်းက မျက်မှောင်ကြုံ့ပြီး ပြန်ကြည့်တော့ သဘောကျကာ ရယ်နေသော ဆောင်းချန် ...

'' hyung ဘာစားချင်လဲ ''
'' ကြိုက်တာဝယ် hyung က အကုန်စားတယ် ''

ဝွန်ဘင်းက ခေါင်းညိတ်ပြီး ဟိုကြည့် ဒီကြည့် သေချာရွေးဝယ်နေသည်ကို ဆောင်းချန် တကြည့်ကြည့်နှင့် ပစ္စည်းထည့်သည့် လှည်းကို တွန်းကာ နောက်က လိုက်ရင်း ပြုံးနေမိသည် ...

ဝွန်ဘင်းက ပစ္စည်းထည့်တိုင်း တိုက်မိသည့် ဆောင်ချန်းလက်ကြောင့် ဆောင်းချန်ကိုစောင်းကြည့် မျက်လုံးချင်းဆုံမိ အကြည့်လွှဲ ...

ဒီလိုအခိုက်အတန့်လေးတွေကအစ ကြည်နူးစရာ ..

ကောင်တာမှာ ပိုက်ဆံရှင်းတော့ ပိုက်ဆံတွက် သည်ကို မျက်လုံးလေးပြူးကား သေချာကြည့်ပြီး လက်ချောင်းလေးတွေကို ချိုးနေသည့် ဝွန်ဘင်းကို ဆောင်းချန် ပခုံးဆွဲဖက်လိုက်သည် ..

ဝွန်ဘင်း ကိုယ်လေးက အနည်းငယ်တွန့်သွားပြီး ဘေးဘီကို ကြည့်ကာ ဆောင်းချန်ကို မော့ကြည့်ပြန်သည် ...

'' ဘာဖြစ်လို့လဲ ကိုယ့်ရည်းစားကို ဖက်တာ ''
'' လူတွေရှိတယ်လေ ''

နှစ်ယောက်သား အသံတိုးနှင့် ကြိတ်ပြောသည်ကို ကောင်တာက အစ်မကြီးက ပြုံးစိစိ ...

'' နူနား ... ဒါ ကျွန်တော့် ချစ်သူလေးလေ ချစ်စရာလေးမလား ''
'' hyung ... ''

ဆောင်းချန် ရွှတ်နောက်နောက် လုပ်သည် ကြောင့် ဝွန်ဘင်းက တံတောင်နှင့် ဆောင်းချန်ရဲ့ ဗိုက်ကို ထိုးလိုက်ပြီး နှုတ်ခမ်းကိုက်ပြလေသည် ..

Connection ( Completed )Where stories live. Discover now