^^ အရာအားလုံး ? ... ဘာကိုလဲ ဘယ်လိုအရာတွေလဲ ^^
ဝွန်ဘင်းနားမလည် ...^^ ခရီးမသွားရတာကိုလား ပခုံးပေါ်မှီချလာတာကိုလား ... ဘာမှန်းမသိတဲ့ အခြေအနေတိုင်းကိုလား ...
တစ်ကယ်က တောင်းပန်တယ်ဆိုတဲ့စကားမဟုတ်ဘဲ ပွင့်ပွင့်လင်းလင်းအနေအထားရောက် မယ့် စကားတွေကို ဝွန်ဘင်း ပိုလိုချင်ခဲ့သည် ... ^^
'' hyung .. ´´
နောက်တစ်ကြိမ်ခေါ်လိုက်တော့ ဆောင်းချန်က ကိုယ်ကိုပြန်မတ်လိုက်ပြီး ဝွန်ဘင်းကို နက်ရှိုင်းစွာ ကြည့်နေသည် ...ဆောင်းချန်ဘက်က မရေရာသည့် ခံစားချက်တွေကို ပို့ဆောင်နေသလို ဝွန်ဘင်းက ဖြေရှင်းမရသည့်ခံစားချက်တွေနှင့်မလို့ မျက်ဝန်းတွေရဲ့ ဆုံမှတ်က အရာမရောက် ...
ဘေးနားက ဖြတ်သွားသည့်လူတွေက တကြည့်ကြည့်မလို့ ဝွန်ဘင်းကဘဲ အကြည့်အရင်လွှဲလိုက်သည် ...
'' လူကိုယ်တိုင်ရောက်လာမှတော့ အဖေနဲ့
ချန်းယောင်းအမေကို တွေ့လိုက်လေ ... ပြီးမှ hyung ပြန်ပို့ပေးမယ် ... ´´
ဆောင်ချန်းက ပြောလိုက်တော့ ...'' အာ ရပါတယ် hyung အလကားအလုပ်ရှုပ်ပါတယ် ... ပြန်တာက ကျွန်တော့်ဘာသာပြန်မယ် ခဏတွေ့ပြီး ပြန်လိုက်မယ်လေ ´´
ဝွန်ဘင်းက ပြန်ပြောပြီး နှစ်ယောက် ဆေးရုံထဲ ဝင်လိုက်သည် ...
ဝွန်ဘင်း အခန်းကိုရောက်တော့ အဖေက နိုးနေပြီး မျက်လုံးလှပ်ကြည့်သည် ...
ဝွန်ဘင်းက ဆောင်းချန်ကို တစ်ချက်လှည့်ကြည့်ပြီး ခေါင်းငုံ့ကာနှုတ်ဆက်လိုက်တော့ ဆောင်းချန်က ကျောင်းက ဂျူနီယာဖြစ်ပြီး ချန်းယောင်းနဲ့လည်း သိကြောင်း ပြောလိုက်သည် ...
ဝွန်ဘင်းက အမေချက်ပေးလိုက်သည့် ဆန်ပြုတ်ဘူးကို ခုံပေါ်တင်လိုက်ပြီး ဆောင်းချန်ကို ကပ်ပြောလိုက်သည် ...
'' ဟို လူနာမေးဆိုတော့ အမေက ဆန်ပြုတ်သေချာလုပ်ပေးလိုက်တာ ကြိုက်ပါ့မလားမသိဘူး သောက်မယ့်ပုံမပေါ်ဘူးနော် ´´