~ ၈ ~

208 21 31
                                    

နောက်ဆုံးပွဲစဉ်အတွက် အားကုန်ထုတ်ကြိုးစားပြီးနောက် ဝွန်ဘင်းက မင်ဂျွန်းကို နှစ်စက္ကန့်လောက်အသာနှင့်သာ ပန်းဝင်ခဲ့သည်မလို့
ဒိုင်တွေ တော်တော် ဆုံးဖြတ်ခက်လိုက်သည် …

အော်ဟစ်အားပေးသံများ ဆူညံနေပြီး ဆုယူမည့်နေရာကနေ ကာယဆရာက လှမ်းခေါ်လိုက်သည်

အတန်းတစ်တန်းပြီးတစ်တန်း ယှဉ်ပြိုင်ရန်ကျန်သည်မလို့ ပြိုင်ပွဲအပြီး အနိုင်ရရှိသူ သတ်မှတ်ပြီးသည်နှင့် ဆုပေးသည့်အစီအစဉ်ကို ဆက်လုပ်ဆောင်ခြင်းဖြစ်သည် …

ဆုယူပြီးနောက် ဝွန်ဘင်းရှိရာကို ဆောင်ချန်းတို့သုံးယောက်ကလည်း ပြေးလာပြီး ဆိုဟီးနှင့်
ဆွန်းဟန်တို့ကပါ လှေကားထစ်တွေပေါ်က
ပြေးဆင်းလာသည် ….

ဝွန်ဘင်းက နောက်ဆုံးအားလက်ကျန်နှင့် ခုန်ပေါက်ရင်း ဆိုဟွီးတို့ ပြေးလာသည်ကို လက်ပြနေရင်း မင်ဂျွန်း၏ ခြေထိုးခံမှုကြောင့် လဲကျသွားသည် …

ခုန်နေသည့်တစ်ချက်တွင် ခံလိုက်ရသောကြောင့် ခြေချင်းဝတ်က ခေါက်သွားသည် ထင်ရပြီး
ဝွန်ဘင်းပြန်မထနိုင် …

မင်ဂျွန်းကတော့ လည်ပင်းမှ ငွေတံဆိပ်ပြားလည်ဆွဲကို ဆွဲချွတ်ပြီး ဝံန်ဘင်းကို ဘုကြည့်ကြည့်ကာ ကွင်းဘေးက ရေသန့်ဘူးခွံကိုတောင် ခြေထောက်နှင့် ကန်သွားသေးသည် …

'' ဝွန်ဘင်းနီ….. ´´
ဆောင်းချန်က စိုးရိမ်ပြီး အော်ရင်း ဝွန်ဘင်းဘေးကို အမြန်ဆုံး ရောက်လာသည် …

ပြေးထားသည့်အရှိန်ကြောင့် ခြေထောက်က အားမရှိသည့်အပြင် ဆက်တိုက်လေ့ကျင့်မှုရဲ့ဒဏ်က မသေးတာမလို့ ဝွန်ဘင်းအထိနာနေသည် …

မျက်လုံးစုံမှိတ်ရင်း ခြေချင်းဝတ်နေရာကို
ဖိနေသော ဝွန်ဘင်းကို ဆောင်းချန်က

'' ကလေး … ဘယ်နားနာတာလဲ ခြေထောက်လား ပြီးတော့ရော … ´´

ဆောင်ချန်းမျက်နှာက မကောင်းတော့ဘဲ
ဝွန်ဘင်းပခုံးနှစ်ဖက်ကို ကိုင်ရင်း ဟိုကြည့်ဒီကြည့် မေးတော့သည် …

'' ခြေထောက်ခေါက်သွားသလိုပဲ ´´
ဝွန်ဘင်းက မျက်လုံးဖွင့်ပြီး ပြောလာတော့
ဆောင်းချန်က ဝွန်ဘင်း ဖိနပ်နှင့် ခြေအိတ်ကို
ဆွဲချွတ်ပြီး ထိလိုက်သည် ...

Connection ( Completed )Where stories live. Discover now