~ ၃ ~

236 22 14
                                    

နားချိန်ရောက်သည်နှင့် တစ်ပြိုင်နက် ဆောင်းချန် ပထမနှစ်ကို ပြေးတော့သည် ...

အွန်းဆော့နှင့် တာရိုက အသည်းအသန်ပြေးလိုက်ရင်း မေတ္တာပို့နေ၏ ...

'' ဘယ်အခန်းလဲ ´´
ဆောင်းချန် အသက်မရှုဘဲ ပြေးနေရင်း အွန်းဆော့ကို လှမ်းမေးလိုက်တော့ ...

'' ဒုတိယထပ် အခန်း ၂ ... ဟေ့ကောင် မပြေးလည်းရပါတယ် ဖြည်းဖြည်းသွား ´´

​ဆောင်ချန်းကတော့ ခြေလှမ်းကျဲကြီးတွေနဲ့ လှေကားထစ်တွေကို ကျောက်တက်လိုက်သည် ...

ပထမနှစ်ကလေးတွေကြား အရပ် ထိုးထိုး
ထောင်ထောင်တွေနှင့် တတိယနှစ် ကျောင်းသားသုံးယောက်က အထူးအဆန်းဖြစ်လို့နေသည် ...

တစ်ချို့ကလေးတွေက ဘေးနားကို ကပ်ကုန်ကြပြီး တီးတိုးပြောရင်း ကျောင်းသူတွေကတော့ အသံတွေ ကျယ်ကုန်ကြသည် ...

ပတ်ဝန်းကျင်ကို ဂရုမစိုက်မိဘဲ အခန်း ၂ အပေါက်ဝကနေ အထဲကို ဆောင်းချန် ကဲကြည့်လိုက်တော့ ...

'' ဟေ့ကောင် ဘာလာချောင်းတာလဲ ´´

ပထမနှစ်တုန်းက အတန်းပိုင်နဲ့ တန်းတိုးတော့သည် အရမ်းတွေ ကံကောင်းနေသည့် တဆောင်းချန်လေးကို အွန်းဆော့နှင့် တာရိုက ကွယ်ရာကနေ ပြုံးပြုံးကြီးကြည့်ရင်း လွှတ်ထားလိုက်သည် ...

ဆရာလာသည်ကို အွန်းဆော့ တာရို နှစ်ယောက်စလုံး မြင်ပြီး နံရံအကွယ်မှာ ပုံးလိုက်ပေမယ့် ဆောင်ချန်းကတော့ အာရုံကတစ်ခုတည်းရှိနေ၍ မသိလိုက်ပေ ...

ဆောင်းချန်က ခေါင်းကုတ်ရင်း ...
'' ဟို ဟို ... အွန်းဆော့ရဲ့ ညီလေးကို လာရှာတာပါ ´´

^^ တစ်ကယ်လည်း ဆိုဟွီးကို လာရှာတာပဲလေ ငါ ညာတာမှမဟုတ်တာ ^^
ဆောင်ချန်းက တွေးပြီး ဆရာ့ကို ပြုံးပြလိုက်သည် ...

'' ဆိုဟွီးကို ပြောတာလား ´´
'' ဟုတ်တယ် ဆရာ ... ´´

ဆရာ့ကိုပြောရင်း ဆောင်ချန်း အခန်းထဲကို မျက်လုံးထပ်ပြီး ကဲကြည့်မိသည် ...

အခန်းထဲ လူက သုံးလေးယောက်လောက်ပဲ ရှိနေပြီး သူရှာချင်သောသူကို မတွေ့ရပေ ...

Connection ( Completed )Where stories live. Discover now