~ ၂၄ ~

141 24 21
                                    

မနက်မိုးလင်းတော့ ဆောင်းချန်လက်မောင်းပေါ်ခေါင်းအုံးရင်း ရင်ခွင်ထဲ အငြိမ်သား အိပ်နေ   သည့် ချစ်စရာကောင်လေး ...

လက်မောင်းတစ်ဖက်က ကျင်နေသည့်တိုင်အောင် ဆောင်းချန်က ပြုံးပြီး ဆံပင်စလေးတွေကို သပ်တင်ကာ အနမ်းပေးလိုက်တော့ ကိုယ်လေး လှုပ်လာသည် ...

အိပ်ချင်မူးတူးရုပ်လေးနှင့် ဆောင်းချန်ကို မော့ကြည့်ပြီးမှ ရှက်သလို ခေါင်းဝင်တိုးသေးသည် ..

ဆောင်းချန်က ကလိထိုးလိုက်တော့ ..
'' ဟာ ... hyung မလုပ်နဲ့ ယားတယ်လို့ ´´
ရယ်ပြီး ကွေးကောက်နေလေရဲ့ ...

'' အာ .. hyung တစ်ညလုံး လက်က ´´
ဆောင်းချန်က ကျင်နေသောလက်ကို မ မနိုင်သေး ဆန့်ဆန့် ထားနေရတော့ အကောင်ပေါက်က ဆွဲမပြီး နှိပ်ပေးရင်း ..
'' ဥုံဖွ ဖွ ´´

ဆောင်းချန်သဘောကျလွန်းလို့ ချီမပြီး ပွေ့လှည့်လိုက်ချင်တော့သည် ...

ငုတ်တုတ်လေးထိုင်ပြီး ဆောင်းချန်လက်ကို ကိုင်ထားသည့် ဝွန်ဘင်းကို ဆောင်းချန် ကြည့်မဝ ..

ဆောင်းချန်လည်း ထထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ကားလိုက်တော့ ဝွန်ဘင်း ခါးတစ်ဝိုက်ကို လက်တွေယှက်ပြီး ပြန်ဖက်လေသည် ...

'' hyung .. တော်ကြာ ပြောနေကြလိမ့်မယ် မျက်နှာသစ် သွားတိုက်ပြီး အပြင်ထွက်ရအောင် ´´
'' အင်း ´´

ဆောင်းချန်က ကုတင်ပေါ်က ဆင်းဖို့လုပ်နေ   သည့် ဝွန်ဘင်း ပခုံးလေးကို ဆွဲလိုက်ပြီး ပါးတစ်ဖက်ဖောင်းပြလိုက်တော့ ဝွန်ဘင်းက နှုတ်ခမ်းလေးဆူပြီး ပါးလိုက်ဖောင်းလိုက်လေသည် ..

'' ဟာ ဟားး အလည်လေး ´´
'' ဟီးး ´´

'' အာဘွားမပေးချင်လို့လား ´´
'' အဲ့လိုမဟုတ် ´´

ဆောင်းချန်က နောက်တစ်ခေါက် ပါးဖောင်းလိုက်တော့ ဝွန်ဘင်းက ရွှတ်ခနဲ လာနမ်းလေသည် ...

'' ဒီဘက်ရော ဒီဘက် ´´
ဆောင်းချန်က ပါးနောက်တစ်ဖက်ကို ဖောင်းလိုက်တော့ မျက်စောင်းလေးထိုးပြီး နမ်းဖို့လုပ်ချိန် ဆောင်းချန်က ခေါင်းလှည့်ပြီး နှုတ်ခမ်းလေးကို လှစ်ခနဲ နမ်းလိုက်သည် ...

Connection ( Completed )Where stories live. Discover now