~ အချပ်ပို ၃ ~

135 16 14
                                    

~ LA သို့ အလည်တစ်ခေါက် ~

ဝွန်ဘင်း တက္ကသိုလ် ဒုတိယနှစ်အပြီး ဆောင်းချန်ကတော့ ကျောင်းပြီးသွားလေပြီ ..

ချန်းယောင်း အထက်တန်းကျောင်းပြီးချိန် ဆောင်းချန်မိသားစုလိုက် ချန်းယောင်းဆီ သွားလည်ကြရာ ဝွန်ဘင်းပါ လိုက်လာခဲ့သည် ..

'' ဟန်းနီးမွန်းလိုပဲနော် ''

ဝွန်ဘင်းလက်ကို ဆုတ်ကိုင်ပြီး ဆောင်းချန်က ပျော်မြူးစွာ ပြောတော့ ဝွန်ဘင်းက မျက်မှောင်ကြုံ့ပြလိုက်သည် ..

လေဆိပ်မှာတော့ အငယ်ကောင်လေး ချန်းယောင်းက ပျော်ရွှင်စွာ ခုန်ပေါက်ပြီး ဆောင်းချန်နှင့် ဝွန်ဘင်းကြားကိုဝင်ကာ လက်တစ်ဖက်စီ ချိတ်ထားလေသည်

LA မြို့ရဲ့ ရှုခင်းတွေ လည်ပတ်စရာတွေကို မရပ်မနား ရက်ဆက် လှည့်ကြပြီး အစား အသောက်တွေလည်း လှည့်ပတ်စားနှင့် နှစ်ယောက်သား ပျော်နေခဲ့ပြီး

နေထွက်ချိန်စောစောကို တူတူကြည့်ကြကာ ..

'' ဝွန်ဘင်းနီ ကလေးလေး ''

ဆောင်းချန်က ခေါ်တော့ ဝွန်ဘင်းက ဆောင်းချန်လက်မောင်းကို မှီထားရာမှ မော့ကြည့်သည်

'' ကိုယ်တို့ တစ်နေနေ့ကျရင် LA မှာ မင်္ဂလာပွဲ ကျင်းပကြရအောင် ''

ဆောင်းချန်က မျက်လုံးတွေ အရောင်တောက်ကာ ပြောတော့ ဝွန်ဘင်းက ခေါင်းလေးညိမ့်ကာ ရှက်နေပြန်သည် ...

မပြန်ခင် ညမှာတော့ ရက်ဆက်လျှောက်လည်ထားမှုကြောင့် အားကုန်ကာ မောပန်းလျက် အိပ်ချင်စိတ်က ထိန်းမရ အချိန်စောစော အိပ်ရာဝင်ကြသည် ..

မိဘတွေက ချန်းယောင်းနှင့်အတူ အိပ်ကြပြီး ဆောင်းချန်နှင့်ဝွန်ဘင်းကတော့ အပိုတစ်ခန်းမှာ အိပ်ရလို့ စိတ်သက်သာရလျက် ..

မနက် ၃ နာရီ အချိန်ရောက်တော့ ~

'' hyung ''
'' ဝွန်ဘင်းနီ ''

နှစ်ယောက်သား လန့်နိုးလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကြရင်း ..

'' hyung တို့ အတူတူရောက်သွားတာပဲ ''
'' ဟုတ်တယ် hyung ... သူတို့ အဆင်ပြေဖို့ ဆုတောင်းပေးရအောင် နော် ''

Connection ( Completed )Where stories live. Discover now