~ ၂ ~

249 26 15
                                    

'' ဆိုဟွီးရေ ကျေးဇူးပါ မင်း​သာ မကူညီရင်
ငါတော့ ယောင်လည်လည်ဖြစ်နေမှာ ´´

ဝွန်ဘင်းက နောက်နေ့ ကျောင်းရောက်တော့
ဆိုဟွီးရဲ့ မှတ်စုလေးပြန်ပေးရင်း ကျေးဇူးတင်စကားပြောလိုက်သည် ...

'' ရပါတယ် သူငယ်ချင်းတွေပဲကို ´´
ဆိုဟွီးပြောလိုက်သည့်စကားနဲ့ ချစ်စရာအပြုံးတို့က ဝွန်ဘင်းစိတ်ကို နွေးထွေးသွားစေသည် ...

တစ်ဆက်တည်း ကာလရှည်ကြာ သူငယ်ချင်းမရှိဘဲ တစ်ယောက်တည်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ အဆင်ပြေပြေဖြစ်သွားလို့ ဝွန်ဘင်းဝမ်းသာနေမိသည် ...

'' ဆွန်းဟန် ဒီနေ့ ငြိမ်နေပါလား ´´
စာသင်ချိန်တစ်ချိန်ပြီးတဲ့ထိ စကားသံမကြားရ
သဖြင့် ဝန်ဘင်းက မေးလိုက်သည် ...

'' မင်းပဲ စဥ်းစားကြည့် ပတ်ဝွန်ဘင်း ငါက မနက်တိုင်း ပင်ပန်းခံပြီး သူ့ကို စက်ဘီးနဲ့တင်နင်းပေးတာကို အားမနာ သူ့ဝမ်းကွဲအစ်ကိုနဲ့ ဒီနေ့ကျောင်းတူတူလာတယ်တဲ့လေ ပြီးတော့ ပြောသေးတယ် ဘယ်သူက တင်နင်းခိုင်းလို့လဲတဲ့ ဘယ်လောက် ငါ့စိတ်ကို စော်ကားထားလဲ ´´

ကူရာလူရသလို နောက်ကို ချက်ချင်းလှည့်လာပြီး အစချီတော့သည့် ဆွန်းဟန်ကြောင့် ဝွန်ဘင်း ရုတ်တရက် လန့်သွားပြီး ဆက်ပြောသည့် စကားတွေကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည် ...

'' အာ ဆိုဟွီးကို စိတ်ကောက်နေတာပဲ ´´
ဝန်ဘင်းက အသံလေးမြှင့်ပြီး ပြောလိုက်တော့

'' မကောက်ပါဘူး ´´
ဆွန်းဟန်က မဲ့လိုက်ပြီး ပြန်ပြောသည် ...

'' မင်း အဲ့လောက်ထိ ကလေးဆန်မနေနဲ့ ငါ့အစ်ကိုနဲ့လည်း အမြဲသွားတာမဟုတ် ဒီနေ့ အမေက သူတို့အိမ်ကို ကင်မ်ချီသွားပို့ခိုင်းလို့ ဝင်ရင်း တူတူလာလိုက်တာ နောက်နေ့တွေ မင်းနဲ့ပဲ တူတူလာမယ် ဟုတ်ပြီလား ငယ်ငယ်ကတည်းက တဂျီဂျီနဲ့ ´´

'' မလာနဲ့ မင်းကို မခေါ်ဘူး ဒီတိုင်းနေလည်း မင်းက ငါနဲ့ အတူတူ ရှိချင်တာမဟုတ်ဘူးလေ မင်းအစ်ကိုနဲ့မလာဖြစ်လည်း ငါ့ကိုမစောင့်ဘဲ ထွက်သွားတာ ရတယ် အီဆိုဟွီး မှတ်ထား ´´

ဝွန်ဘင်းက ဆိုဟွီးကို ကျောလေးပုတ်ပြီး တိုးတိုးပြောလိုက်သည် ...

Connection ( Completed )Where stories live. Discover now