ခဏအကြာ တာရိုတို့ ပြန်ရောက်လာတော့
ဝွန်ဘင်းက မီးဖိုချောင်ထဲ ဝင်ကူလိုက်သည် …'' ဝွန်ဘင်း ပျင်းနေပြီလား … ´´
တာရိုက လှမ်းမေးတော့ ဝွန်ဘင်းက ခေါင်းခါပြသည် …'ဆောင်းချန်အိမ်ကရှင်းတော့ hyung တို့က တစ်ခါတစ်လေ ဒီလိုပဲ ဆုံပြီး ချက်စားကြတယ်´
'' hyung တို့ကို ချက်ပြုတ်တတ်မယ်လို့ မထင်မိဘူး အကုန်တော်နေတာပဲ … ´´ဝွန်ဘင်းက ပြောတော့ ဆိုဟွီးက ထရယ်ပြီး
အွန်းဆော့က ဆိုဟီးခေါင်းကို ပုတ်လိုက်သည်'' မချက်တတ်ပါဘူး ဒီတိုင်း အဆင်ပြေတာ စားကြတာ ဝယ်စားတာများပါတယ် … ဆောင်းချန် တစ်ယောက်တည်းက ကောင်းကောင်းမွန်မွန်စားတာမဟုတ်တော့ hyung တို့အိမ်ကနေ အမေတွေက ဟင်းပို့ပို့ပေးတာလည်းရှိတယ် ´´
^^ အော် … အဲ့လိုဆို တော်သေးတာပေါ့ ^^
ဝွန်ဘင်းက ခေါင်းလေးညိမ့်ပြီး တွေးနေသည် …
'' နေမကောင်းနေတော့ ဆန်ပြုတ်ပဲ တိုက်ရမယ်ထင်တယ် ´´
တာရိုကပြောရင်း ဝယ်လာတဲ့ အသားကို ထုတ်လိုက်ပြီး အွန်းဆော့ကတော့ ဆန်ဆေးဖို့ လုပ်နေသည် …'' ကျွန်တော် လုပ်လိုက်ပါ့မယ် … ´´
ဝွန်ဘင်းကပြောတော့ အကုန်လုံးက လှည့်ကြည့် သည် ….'' မင်း အဆင်ပြေရဲ့လား ´´
ဆိုဟီးကမေးတော့ ဝွန်ဘင်းက ခေါင်းညိမ့်ပြပြီး
'' မေမေ လုပ်တာ အမြဲမြင်ဖူးနေတော့ ဒီလောက်ကတော့ လုပ်တတ်တယ် … ´´'ဟိုကောင်ကတော့သိရင် ပီတိဖြာနေတော့မှာပဲ ´
တာရိုက အွန်းဆော့ကို ကပ်ပြောတော့ ဆိုဟွီးကပါ ကပ်နားထောင်ပြီး ထောက်ခံလိုက်သည် …ဆောင်းချန်နားမှာတော့ ချန်းယောင်းက စပ်စုလျက် ...
'' hyung အခြေအနေ … ´´
'' ဘာကိုလဲ ´´'' ဝွန်ဘင်း hyung နဲ့လေ ´´
'' အာ … ဒီလိုပဲ ´´
'' ဘာကို ဒီလိုတုန်း လှုပ်ရှားလေ … ´´ဆောင်ချန်းက ခေါင်းခါပြတော့ ချန်းယောင်းက
အားမလို အားမရ ဖြစ်နေသည် …