~ အူလ်ဆန်သို့ လက်ချင်းတွဲကာ ~
မိသားစုတွေ့ဆုံပွဲပြီးနောက် နှစ်ယောက်လုံး ကျောင်းပိတ်ရက်မှာ အူလ်ဆန်ကို တူတူသွားခဲ့ကြသည် ...
အမေရော အဘွားရောကို နှစ်ယောက်သား ကန်တော့လိုက်ကြပြီး ..
'ဒါ သားအရမ်းချစ်ရတဲ့ ဝွန်ဘင်းနီပါ မေမေ ´
ဆောင်းချန်က ပြောတော့ ဝွန်ဘင်းက ဦးညွှတ်လိုက်ပြီး ..
'' ပတ်ဝွန်ဘင်းလို့ခေါ်ပါတယ် ကျွန်တော်တို့နှစ်ယောက်ကို စောင့်ရှောက်ပေးပါနော် ´´
နှစ်ယောက်လက်တို့ ကျစ်နေအောင်တွဲထားလျက် .
ရင်ခုန်သံတို့ စတင်ခဲ့သည့် အူလ်ဆန်မြို့ကို ထပ်ပြီး ခြေချချိန်မှာတော့ ဆောင်းချန်က ရင်ခုန်သံလေးကို ဘေးမှာထားနိုင်နေပြီလေ ..
ပိုင်ရှင်ပြောင်းသွားသည့် အရင်က ဝွန်ဘင်း အမေဆိုင်ဖွင့်ခဲ့သည့်နေရာက ဆိုင်အသစ်မှာ တူတူစားကြပြီး
'ကိုယ့် ယောက္ခမလက်ရာနဲ့များ တစ်ခြားစီပဲ ´
'' မေမေရှေ့မှာပြော hyung ကို သူ့ချက်သမျှ တစ်မျိုးပြီးတစ်မျိုး ကျွေးပါလိမ့်မယ် ´´'' ဟားး ကောင်းတာပေါ့ စားရချည်သေးရဲ့ ´´
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်လိုက်ကြသည် ...ပင်လယ်ဘက်ကို ညနေဘက် ထွက်လာခဲ့တော့ လေက တဖြူးဖြူး လှိုုင်းသံများက အရှင်းသား
'' ပတ်ဝွန်ဘင်းးးး ´´
ဆောင်းချန်က ပင်လယ်ကို မျက်နှာမူပြီး ရုတ်တရက်အော်လိုက်တော့'' hyung .. လျှောက်မအော်နဲ့လေ ´´
'' ပြန်အော်လေ ´´'' ဆောင်းချန်နီ hyungggg ´´
ဆောင်းချန်ကို လျှောက်မအော်နဲ့ပြောသည့် ဝွန်ဘင်းလည်း လိုက်အော်မိတာပါပဲ'' အရမ်းချစ်တယ် ´´
'' hyung .. ´´'' ဘာလို့လဲ ထပ်အော်လေ ´´
ရှက်နေသည့် ဝွန်ဘင်းကို ဆောင်းချန်က စပြန်သည်'မအော်ရင် မချစ်ဘူးပဲ သတ်မှတ်လိုက်မယ် ´
'' hyung က သိရဲ့သားနဲ့ ´´
'' မသိဘူး ဘာကို သိရမှာ ´´