~ ၂၁ ~

150 19 17
                                    

Note ~

ဒီနောက်ပိုင်းလေးတွေက ရှေ့အခန်းတွေရဲ့ ပုံရိပ်တွေနဲ့ နှစ်ယောက်သား ဆက်စပ်မှုတွေကို ပုံဖော်ချပြပြီမလို့ တစ်ချို့အရာတွေ မမှတ်မိမျိုး ဖြစ်နိုင်မလား ဟေဇယ် စိုးရိမ်မိ
( ကိုယ်က update ကြာခဲ့တော့လေ )

အတတ်နိုင်ဆုံး ပေါ်လွင်အောင်တော့ ရေးထားပါတယ် ...

'' ဒါက ဘာတွေလဲ ´´

ဝွန်ဘင်းက မြင်နေရသည့်အရာများကြောင့် မျက်လုံးလေးဝိုင်းကာ မင်သက်နေမိသည် ...

အတော်စုံလင်သည့် ခဲခြစ်ပန်းချီပုံများကို အခန်းတစ်ဖက်တစ်ချက်စီကို ကြိုးနဲ့သွယ်ကာ ချိတ်ဆွဲထားပြီး မီးအဝါရောင်လေးတွေနဲ့ အလှဆင်ထားသည် ..

ဆောင်းချန်က နောက်ကရပ်နေရင်း ဝွန်ဘင်းပခုံးကိုကိုင်ကာ အခန်းရဲ့ထောင့်ဆုံးနေရာကိုသွားဖို့ အသာလေး တွန်းပို့လိုက်သည် ...

'' ဒီဘက်က စကြည့် ´´

ဝွန်ဘင်းက ဆောင်းချန်ပြသည့်နေရာကို ကြည့်လိုက်ပြီး ခေါင်းလေးစောင်းကာ တွေးမိသည် ...

'' ဒီနေရာကို မှတ်မိလား ´´

( ဖြစ်တည်ရာ -

သစ်ပင်အိုကြီးအောက်မှာ အရွယ်အနည်းငယ်ကွာသည့် ကလေးလေးနှစ်ယောက် ...

တစ်ယောက်က မတ်တပ်ရပ်ပြီး ဂျယ်လီထုတ်လေးကမ်းပေးကာ တစ်ယောက်က ထိုင်ပြီး မော့ကြည့်နေသည် ..

ပုံရဲ့ တစ်ဖက်အဆုံးမှာ ဆိုင်လေးတစ်ဆိုင် )

'' ဒါက ... ´´
'' ဟုတ်တယ် ... အဲ့ဒီအချိန်ကတည်းက ´´

ဝွန်ဘင်းက အံ့သြလွန်း၍ ပါးစပ်လေးကို အုပ်မိထားသည် ...

ဆောင်းချန်က တစ်ဖက်ကိုရွှေ့ဖို့ ပခုံးလေးကို လှည့်ပေးပြန်တော့ ဝွန်ဘင်းက ခြေလှမ်းတွေကို ဖြည်းဖြည်းချင်းတိုးပြီး ဆက်ကြည့်မိသည် ..

'' ဒါတွေက ကိုယ်စိတ်မှန်းနဲ့ ဆွဲထားတာ ´´

( လွမ်းဆွတ်ခြင်း -

ပင်လယ်နောက်ခံမှာ ဝွန်ဘင်းအငယ်လေး ပြေးလွှားဆော့နေပုံ

ဆိုင်ရှေ့မှာထိုင်ပြီး ကောင်းကင်ကို မော့ကြည့်နေပုံ )

Connection ( Completed )Where stories live. Discover now