~ ၂၀ ~

146 19 9
                                    

'' ဒါနဲ့ မင်းတို့နှစ်ယောက်က ရုတ်တရက်ကြီး ငါ့ဆီ ဘာလို့လာအိပ်တာ ''
ဝွန်ဘင်းက အလယ်ကနေပြီး တစ်ဖက်ဆီက
ဆိုဟွီးနှင့်ဆွန်းဟန်ကို ကြည့်ရင်း ​ပြောလိုက်သည် ...

နှစ်ယောက်သားက ကုတင်ပေါ် ခြေတောင်ဝင် ဆန့်နေပြီး ဝွန်ဘင်းကို အလယ်မှာအိပ်ဖို့ လက်ပြနေပေမယ့် ဝွန်ဘင်းက ကြားမှာ ငုတ်တုတ်ထိုင်းပြီး မျက်မှောင်ကြုံ့နေဆဲ ...

'' မင်း စိတ်လှုပ်ရှားနေမှာစိုးလို့ ''
ဆွန်းဟန်က ဝွန်ဘင်းကိုကြည့်ပြီး ပြောလိုက်သည်

'' ငါက ဘာလို့စိတ်လှုပ်ရှားရမှာ ''
ဝွန်ဘင်းက နားမလည် ..

'' မနက်ဖြန် နှစ်သစ်ကူးမှာလေ ''
ဆိုဟွီးက ပြောပြန်သည် ...

'' နှစ်သစ်ကူးတာနဲ့ ငါက ဘာကိုစိတ်လှုပ်ရှားရမှာ မနက်ဖြန်ညမှ တူတူအိပ်ကြတယ်ဆိုလည်း တစ်မျိုး နှစ်သစ်ကို ကြိုဆိုတယ်ဘာညာ မင်းတို့ ဟိုနေ့ကတည်းက တစ်မျိုးပဲ ဘာဖြစ်နေကြတာလဲ ''

ဝွန်ဘင်းက ခေါင်းအုံးနဲ့ တစ်ယောက်တစ်ချက်စီ ချလိုက်ရင်း ဆူပုပ်ပုပ် ပြောနေတော့ ...

'' ဟာ စကားများလိုက်တာ အိပ်တော့ နောက်ကျနေပြီ မြန်မြန်အိပ် ... ''

^^ သူများအိမ်လည်း မပြောမဆိုကြီး ညဘက်ရောကိလာသေးတယ် မနက်ဖြန် ပါတီသွားဖို့တဲ့ အဝတ်အစား အိတ်ကအစ ယူလာပြီး

အခု ကုတင်ပေါ်တက်အိပ်နေပုံထောက်ရင် မနက်ဖြန်လည်း ဒီမှာပဲနေမယ့်ပုံ ... ဒီကောင်တွေတော့ ဘာလား ^^

ဝွန်ဘင်းက နှစ်ယောက်ကို ကြည့်ရင်း ကန်ချချင်လာပေမယ့် မတတ်နိုင်သည်မလို့ အလယ်မှာ တိုးအိပ်လိုက်သည် ... မဟုတ် ကိုယ်ဘဲ အိပ်ရေးပျက်မှာ

ညသန်းခေါင်ကျော်တော့ ဝွန်ဘင်းဖုန်းက မြည်လာသည် ... အိပ်မယ်လေးဘာလေးနဲ့ ထပြီးဂိမ်းဆော့နေသည့် ဆိုဟွီးနှင့်ဆွန်းဟန်ကြောင့်
ဝွန်ဘင်းလည်း ဖုန်းထိုင်ပွတ်ရင်း ဝင်လာသည့်ဖုန်းက ဆောင်းချန် ..

ကုတင်ပေါ်က အမြန်ဆင်းလိုက်ပြီး လသာ ဆောင်ဘက် ထွက်ရင်း ဖုန်းကိုင်လိုက်သည် ...

လျင်လွန်းသည့် ဆိုဟွီးက ဂိမ်းကိုရပ်ပြီး နားစွင့်ရင်း ဆွန်းဟန်ကို မျက်စပစ်ပြလိုက်သည် ...

Connection ( Completed )Where stories live. Discover now