~ ၁၆ ~

145 18 13
                                    

ဒီရက်ပိုင်း တောက်လျှောက် စာနဲ့နှစ်ပါးသွားရင်း ဆောင်းချန် ဘာကိုမှ အာရုံမစိုက်နိုင် ...

တာရိုနှင့်အွန်းဆော့လည်း ထပ်တူပင်ဖြစ်၍ သုံးယောက်သား စကားတောင်မပြောနိုင်ဘဲ ကျောင်းစာကြည့်တိုက် အိမ် ကိုယ်ပိုင်စာကြည့်ခန်းတို့မှာသာ လည်နေသည်

ခဏလေးနားချိန်မှာတောင် ဖုန်းမကိုင်နိုင်ဘဲ အချိန်ရသလို ထိုးအိပ် နိုးလာရင် စာပြန်ကြည့်နှင့် ပြီးနေတော့သည် ...

ဆောင်းချန်ကတော့ ဝွန်ဘင်းကို သတိရလိုက်တာလို့တစ်ခါတစ်ရံ တွေးမိသည်မှလွဲ စာမပို့ စကားမပြောဖြစ်ခဲ့ ...

အူလ်ဆန်မှာ မိသားစုနဲ့အတူ ပျော်နေမည့် ကလေးလေးမျက်နှာကို စိတ်နဲ့မှန်းကြည့်ရင်းပင် အတူတူ ခရီးသွားမည့်ကိစ္စဖြစ်မြောက်ဖို့ ဆောင်းချန် အမြန်ဆုံးစာမေးပွဲ ပြီးချင်နေခဲ့သည်

ကိုရီးယားနိုင်ငံရဲ့ CSAT က အခက်ခဲဆုံးလို့ပင် သတ်မှတ်ရသည်အထိ အရေးပါနေခဲ့၍ စာမေးပွဲပေါင်းစုံ အသာလေးကျော်ဖြတ်ခဲ့သည့် ဆောင်းချန်ပင် အနည်းငယ်တော့ ရင်တုန်နေမိသည် ...

'' hyung ... မနက်ဖြန်အတွက် ဆုတောင်းပေးပါတယ် ... hyung က အကောင်းဆုံးဖြေနိုင်မယ်လို့ ယုံကြည်ပြီးသားပါ .. ''

အိပ်ချိန်ရောက်မှ ဖုန်းကိုဖွင့်ကြည့်မိတော့
ဝွန်ဘင်းဆီက စာလေးတစ်ကြောင်းရောက်နေသည်မှာ ဆောင်းချန်အတွက် အတော်အားဖြစ်ခဲ့သည် ...

'' hyung အကောင်းဆုံးကြိုးစားခဲ့မယ်နော်''

စာပြန်ပြီး နာရီကိုကြည့်မိတော့ သန်းခေါင်ကျော်နေပြီမလို့ ဝန်ဘင်းအိပ်နေလောက်ပြီ ခန့်မှန်းမိတော့ မနက်အတွက် နှိုးစက်ပေးထားသည်ကို တစ်ချက်ပြန်စစ်ကာ

မနက်ဖြန်ပြီးလျှင် ဝွန်ဘင်းနှင့် ခရီးတူတူသွားနိုင်ပြီ ဟု ကိုယ့်ကိုယ်ကို အားပြန်ပေးရင်း ဆောင်းချန် မျက်လုံးတွေကို မှိတ်လိုက်သည် ...

နာရီအတော်ကြာတောက်လျှောက်ထိုင်ဖြေပြီးနောက် ဉီးနှောက်က အတော်ကိုရှင်းလင်းသွားသည် ...

ဝင်ပေါက်ဝမှာ သုံးယောက်သားပြန်ဆုံတော့  တာရိုက အကျယ်ကြီး ထအော်တော့သည် အွန်းဆော့က တာရို့ခေါင်းကို တစ်ချက်ပုတ်လိုက်ပြီး တိတ်နေဖို့ သတိပေးပေမယ့်

Connection ( Completed )Where stories live. Discover now