~ ၁၃ ~

180 22 32
                                    

'' hyung ဘာတွေ တွေးနေတာလဲ … ခေါက်ဆွဲတွေလည်း ပွနေပြီ … အချိန်ပိုတန်းပြန်သွားရမှာဆို ´´

ချန်းယောင်းအသံကြောင့် ဆောင်းချန် အတွေးစတို့ လွင့်သွားခဲ့သည် …

'' hyung … ´´
'' ပြော … ´´

အိမ်ကို ခဏတော့ပြန်ပြီး hyung အဖေနဲ့စကားပြောကြည့်ပါလား … ကျွန်တော် ဒီတစ်ခေါက် အမေ့ကို ခေါ်သွားမှာမလို့ ပြန်နေလိုက်ပါ

''  ချန်းယောင်း … hyung က အိမ်ကို မပြန်ချင်လို့ မပြန်တာပါ ပြီးတော့ ဒီနေ့ကိစ္စကို မဆိုင်သလိုပဲ နေပါ့မယ် … ´´

ချန်းယောင်းက နှာခေါင်းလေးရှုံ့ရင်း ဆူပုပ်ပုပ်လုပ်နေရင်း ...
'hyung ကို ကျွန်တော် ကူညီပေးတာတွေမှ မထောက် ကျွန်တော့်စကားဆို နားကိုမထောင်ဘူး

ဆောင်ချန်းက ခေါင်းစောင်းပြီး စဥ်းစားဟန်ပြတော့ ...
'' ဝွန်ဘင်း hyung ကို သွားတွေ့တာလေ ...  ဟအူလ်ဆန် ´´
''အာ .. အဲ့အကြောင်းက ဘာလို့ပါလာတာလဲ´´

'' ဒါပဲမဟုတ်ဘူး ငယ်ငယ်ကတည်းက ကျွန်တော်က လိမ္မာတယ် ´´
'' အေးပါ သိပါတယ် .. ပြီးတော့ ကျေးဇူးတင်ပါတယ် … ´´

ချန်းယောင်းက ခေါက်ဆွဲအရည်ကို သောက်ရင်း ထသီးမိတော့သည် …
'' အဟွတ် .. အဟွတ် ရုတ်တရက်ကြီး ကျေးဇူးထတင်တော့ ငိုမိတော့မယ် ´´

ဆောင်းချန်က ခေါင်းခါပြီး ပိုက်ဆံရှင်းဖို့ ထွက်သွားသည်မလို့ ချန်းယောင်းက နောက်ကပြေးလိုက်တော့သည် …

'' hyung .. ဘာမှလည်းမစားဘဲ ပြန်တော့မှာလား … hyungggggggg …. ´´

'' ခွေးပေါက်လေး ... ´´
ဆိုင်ကထွက်တော့ ဘေးနားက အိကျိပိကျိ
ညီလေးကို ပခုံးဆွဲဖက်ပြီး ဆောင်းချန်က ခေါ်လိုက်သည်

'' ဘာတုန်း ... ´´
ချန်းယောင်းက မျက်လုံးပြန်မှေးကြည့်ရင်း
'' အဟား အရင်အချိန်ကို ပြန်မှတ်မိသွားပြီမလား hyung က အခုထိသတ္တိကို မရှိတာ တစ်ကယ် ´´

ချန်းယောင်းက ပြောပြီး ပြေးထွက်သွားတော့
'' ဒီကောင်စုတ်လေး ... ´´
ဆောင်းချန်ကနောက်ကပြေးလိုက်ပြီး လည်ပင်းကသိုင်းဖက်ရင်း ဆွဲညှစ်ထားလိုက်သည် ...

Connection ( Completed )Where stories live. Discover now