ခေါင်းကို 90 degree တိတိငုံ့ကာ မနက်စာကိုသာတမြုံ့မြုံ့ဝါးနေလိုက်သည်။ ဘာသာမဲ့လေးဆော့ဂျင်သည် မနက်စောစောတရားမနာချင်သေးပါ။
"ခေါင်းငုံ့နေတော့ ငါတို့ကမမြင်ရတော့ဘူးလား ဂင်ဆော့ဂျင်!!"
"အကိုကလဲကလေးကို.."
" မင့်ဆက်ကာပေးမနေနဲ့တော့ မင့်သားမျက်နှာလဲကြည့်ဦး ဒဏ်ရာမရှိတဲ့ရက်ဘယ်နှစ်ရက်ရှိဖူးလဲ ရန်မဖြစ်ရရင်စားမဝင်အိပ်မပျော်တဲ့အကောင် "
"အဖေသိနေရင်လဲ ဘာလို့များပြောနေသေးလဲ ဒီဒဏ်ရာအပြည့်နဲ့မျက်နှာကိုဘဲ
နေသားကျအောင်နေပေးပါလား
အာ့ဆိုကျွန်တော်လဲဝောာ်ဝောာ်စိတ်ချမ်းသာရမာ ""ညီညီ တိတ်စမ်း
ဖေဖေ့ကိုဘယ်လိုပြောနေတာလဲ "Taehyung ပါဝင်ဟောက်လိုက်မှ အသံဆာဆာလေးတိတ်သွားလေသည်။ ဒါတောင် နှုတ်ခမ်းဆူဆူလေးက လက်ကျန်ရှိနေသေး၏။
" မင်းကိုမပြောသေးဘူး ဒီထက်ပိုဆိုးလာမှအိမ်ကတစ်ခါထဲကန်ချပစ်မယ် ကြပ်ကြပ်သတိထားနေ "
လက်ညှိုးငေါက်ငေါက်ထိုးပြီးမှ Mr.kim သည်စားပွဲဝိုင်းမှထရန်ပြင်သည်။ ဒီသားလေးမျက်နှာကိုကြာကြာဖူးမြော်နေပါကာ အကြောဆေးပါသွင်းရလောက်သည်မို့ ။
"ကျွန်တော်ကျောင်းအပ်ပြီးသွားပြီ ဒီနေ့စသွားတော့မှာ "
Mr.kim သည်ပြန်ထိုင်ရမလို ဆက်သွားရမလိုနှင့် ပါးစပ်သာဟနိုင်တော့သည်။
"သားသားရယ် ဘယ်တုန်းကသွားအပ်လိုက်တာလဲ မေမေတို့လည်းမသိရပါလား "
" အထက်တန်းအောင်ပြီးတာလဲ ကြာနေပြီဆိုတော့ uni ဆက်တက်ရမာပေါ့ moon private university မာ Mr.Kim လဲနောက်တစ်ခါ ပြောင်းဆူဖို့ nickname လေးစဉ်းစားထားနော် အခုဆို ဒီက Kim Seok Jin က ကလေကချေမဟုတ်တော့ဘူး တက္ကသိုလ်ကျောင်းသားကြီးဖြစ်လာတော့မှာ "
"ဒါဆိုကျောင်းသွားဖို့ပြင်ဆင်ရမှာမို့ "
လေ,လေးချွန်ရင်း Mr Kim ကိုအနိုင်ပိုင်းကာထွက်လာလေသည်။
"ဂျွန်းဂျောင်ဂုကိုဘယ်လိုနှောင့်ယှက်ရင်ကောင်းမလဲ ဟင်း တွေးရင်းနဲ့ရင်ခုန်နေပြီ"
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook