bro 24

2K 183 65
                                    

"နွားနို့နဲ့ဆေးယူလာခဲ့ပေးတယ်
သောက်ပြီးမှအိပ်"

"ဘယ်သွားမလို့လည်း"

စောင်တွေခေါင်းအုံးတွေသယ်ကာအပြင်ထွက်ဖို့ပြင်နေသူအား ဆော့ဂျင်လှမ်းဟန့်လိုက်၏။

"အိပ်မလို့"

ပိတ်သွားသောတံခါးသံနောက်တွင်ဆော့ဂျင်သက်ပြင်းကျယ်ကျယ်ချလိုက်မိပါ၏။ ဒါရည်းစားဖြစ်ပြီးမှ သူနဲ့နမ်ဂျွန်းပထမဆုံးအကြိမ်အခန်းခွဲအိပ်ခြင်းဖြစ်သည်။ အရင်ကဆိုအမြဲငြီးငွေ့ဖို့ကောင်းတဲ့အထိ ပလူးပလဲလုပ်တတ်တဲ့သူကအခုလိုခပ်ခွာခွာနေတော့လည်းသူစိတ်မကောင်းဖြစ်မိသည်။
ထပ်ပြီးသူ့စိတ်ကိုနှောင့်ယှက်နေတဲ့တဖက်အကြောင်းအရင်းက ဂျွန်းဂျောင်ဂုဖြစ်နေပြန်သည်။ နိဂုံးချုပ်မှအစကပြန်လာစ‌ချင်နေသူ စီနီယာဂျွန်းဂျောင်ဂု။

"အာ တဂယ်ဘဲရူးတော့မယ်"

ရင်တွင်းပူလောင်လာတာကြောင့် သူအသက်ဝဝရှူရန်အခန်းအပြင်ထွက်လိုက်သည်။
ဖြတ်သွားရင်းစေ့ရုံသာစေ့ထားတဲ့တံခါးလေးကိုလှပ်ကြည့်မိတော့ တသိမ့်သိမ့်တုန်ခါနေတဲ့နောက်ကျောလေးကိုမြင်ရသည်။
သူဘေးနားလေးကိုအသာဝင်လှဲရင်း ငိုနေသူ၏ခါးတစ်ဝိုက်ကိုဖက်တွယ်လိုက်သည်။
လွန့်လူးလာ‌သူသည် သူ့ကိုတော့လှည့်မကြည့်ခဲ့ပါ။

"မင်းမရှိတော့အိပ်မပျော်ဘူးဂျွန်း"

"ဂျွန်း တခုခုပြောဦးလေ ငါစိတ်‌ဆိုးတော့မှာ"

"အစ်"

သူစိတ်ဆိုးမယ်လို့တမိတော့ နမ်ဂျွန်းရဲ့ အငိုလွန်ပြီးထွက်တဲ့အသံသေးသေးလေးထွက်လာသည်။ အလျင်အမြန်စကားပြောဖို့ပြင်လိုက်သည်ထင်ပါ့။

"ငါမကောင်းဘူးမလား ငါ့ကြောင့်မင်းငိုဘဲငိုနေရတယ် "

"မဟုတ်..ဘူး ငါဘဲ ငါဘဲမှားခဲ့တာဆော့ဂျင်
ငါမင်းကိုချစ်နေရင်းနဲ့မင်းတခြားသူကိုချစ်မိသွားတာကိုငေးကြည့်မနေလိုက်သင့်ဘူး"

နမ်ဂျွန်းကသူနှင့်မျက်နှာချင်းဆိုင်ဘက်ကိုလှည့်လိုက်ကာ မျက်လုံးကိုလက်ခုံတို့ဖြင့်ခပ်ကြမ်းကြမ်းသုတ်နေရင်း သူ့ကိုရှင်းပြရှာသည်။

You've reached the end of published parts.

⏰ Last updated: May 03, 2024 ⏰

Add this story to your Library to get notified about new parts!

BroWhere stories live. Discover now