"တသက်လုံးဒီတိုင်းဘဲနေတော့မလို့လား"ဆိုဖာပေါ်တွင်တစ်ပတ်လုံးလုံးခွေပြီးအိပ်နေသူအား နမ်ဂျွန်းမသက်မသာမေးလိုက်သည်။
"မင်းအသည်းမကွဲဖူးလို့လား ဆော့ဂျင်ရယ်
အခုကိုယ့်ပုံကိုကြည့်ပါဦး
ဒီပုံကိုဦးလေးတို့မြင်သွားရင်စိတ်ပူနေလိမ့်မယ်"အစာလဲကျွေးမရ ဆေးလိပ်သောက်လိုက် ဟိုကြည့်ဒီကြည့်လုပ်လိုက် အိပ်လိုက် ငိုပြီးနိုးလာလိုက်ဖြင့် ၇ရက်လုံးနေလာသူတော့ဘယ်လိုနေလဲမသိပေမဲ့ နမ်ဂျွန်းတော့မကြည့်ရက်တော့။ ဆေးလိပ်ထ,ထသောက်နေသေးလို့သာ အသက်ရှင်နေမှန်းသိရတာ ဟူး။
"အကြိမ်တစ်ရာအသည်းကွဲဖူးရင်တောင် ဒီတစ်ခါကအနာကျင်ရဆုံးဘဲ
ငါချစ်ရတဲ့လူက
အိမ်မက်..အိမ်မက်ထဲမှာတောင်
ငါ့ကိုမလိုချင်ဘူးတဲ့
သိလားနမ်ဂျွန်း ငါလေအများကြီးကြိုးစားခဲ့တာ ငါငါ့အကို,ကိုတောင်ပြိုင်ဘက်လို့တွေးပြီး တစ်ယောက်ထဲယှဉ်ပြိုင်နေခဲ့တာ
သူ့မျက်လုံးထဲမှာငါ့ကိုမြင်ဖို့
သူ့အနားလေးမှာနေခွင့်ရဖို့
သူ့ဆီကအမုန်းစကားတွေကိုလက်ခံရရင်တောင် သူနဲ့အသားလေးထိထားခွင့်ရတာဘဲ သူ့အငွေ့အသက်လေးတွေကြားအသက်ရှင်နေရတာဘဲဆိုပြီး အဲ့ရပိုင်ခွင့်လေးတစ်ခုနဲ့ မာနတွေအားလုံးကိုအဲ့လူလက်ထဲစိတ်ကြိုက်နင်းချင်းခွင့်ကိုပေးခဲ့တာ ""ဘာကိုမှမမျှော်လင့်ခဲ့ပေမဲ့ သူ့ရင်ထဲမှာငါ့နာမည်လေးနဲ့နေရာတစ်ခုရချင်ခဲ့ရုံလေးဘဲ အဲ့ထက်မပိုခဲ့ဘူး ဒါပေမဲ့အဲ့သေးသေးလေးတောင်ငါကရဖို့မထိုက်တန်ခဲ့ဖူးတဲ့"
"ဆော့ဂျင်ရယ်"
မျက်ရည်မကျဘဲရှိုက်လာသောကောင်လေးကိုနမ်ဂျွန်းသူ့ရင်ခွင်ထဲဆွဲထည့်လိုက်သည်။
"အချစ်ကလိုက်ရင်ပြေးတယ်တဲ့ ငါဒီတစ်ပတ်လုံးသူ့မြင်ကွင်းထဲကပျောက်နေလည်းသူတစ်စက်လေးတောင်လိုက်မရှာခဲ့ပါဘူး အဲ့ဒီအစားကိုကိုနဲ့ဘဲတစ်ပတ်လုံး အင့်"
ရှိုက်သံအဆုံးဘာစကားမှထပ်မထွက်လာတော့သောခေါင်းလုံးလုံးကိုပွတ်သပ်ပေးလိုက်သည်။
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook