bro 6

791 115 28
                                    


ဂင်ဆော့ဂျင်ထွက်သွားပြီးမကြာလိုက် Jung Min Woo နှင့်အတူ ဒေါက်တာပါရောက်လာသည်။
မင်ဝူးကတော့ သူ့ကိုတွဲကူဖို့ ဟို devil ကောင်ကလွှတ်လိုက်သည်ဆိုဘဲ။
သို့သော် ကာယကံရှင်ကတော့ပြန်ပေါ်မလာခဲ့။
"ရှူး " နှာခေါင်းထဲကအငွေ့တွေထွက်လာသလိုဂျောင်းဂုခံစားလိုက်ရ၏။ ဘာမှန်းမသိတဲ့အရာကို စိတ်ထဲတွင် ဘာမှန်းမသိစွာ စိတ်တိုင်းမကျဖြစ်နေ၏။
စိတ်တိုင်းမကျဘူး တဂယ်ကိုစိတ်တိုင်းမကျဘူး
ခြေထောက်နာနေတာကို စိတ်တိုင်းမကျဘူး
ဂျန်မင်ဝူးကိုမြင်နေရတာကိုစိတ်တိုင်းမကျဘူး
သူ့ခြေထောက်ဒဏ်ရာရနေတာတောင် မျက်စိရှေ့မှာမြင်နေရသူက ဂျန်မင်ဝူးတဲ့။

"စောက်ကျိုးနည်း "

"ဟမ် ဂျောင်းဂုဘာပြောတာလဲ "

"ဘာပြောလို့လဲ "

" တခုခုပြောလိုက်တယ်မဟုတ်ဖူးလား"

သူမျက်နှာကိုမာန်ချီချီလွှဲလိုက်ကာနှုတ်ဆိတ်သာနေလိုက်၏။

"မဟုတ်မှ ဆော့ဂျင်မပါလာလို့လား"

"လဲသေလိုက်"

"ဟုတ်မယ်ထင်တယ်"

"ပါးစပ်ကိုပိတ်ထား"

သူဆေးထည့်ပြီးသည့်အချိန်ထိ ဂျန်မင်းဝူးနှင့်ငြင်းခုန်နေမိသည်က ရပ်တန့်မသွား။
သေချာတယ် ဒီနေ့က "ပြသဒါး"

________________________🧡

"ဝှီ"

ဆော့ဂျင်လေ,လေးတချွန်ချွန်ဖြင့် မြောက်ကြွမြောက်ကြွလုပ်ကာ လမ်းလျှောက်တော့ တစ်မိုးအောက်တစ်ယောက်သူငယ်ချင်း ဂင်နမ်ဂျွန်းက မဲ့ရှုပ်ကာကြည့်လာ၏။

"ဘာဖြစ်နေတာလည်း မှိုရလာတဲ့ရုပ်နဲ့"

"မှိုထက်ပိုကောင်းတာ "

"ဟမ်"

" IQ 148 ရှိတာကောဟုတ်ရဲ့လား ဒါမှမဟုတ် နားကပြသနာလား မင်းရုပ်ကြီးမြင်ရတာ ကျက်သရေကိုမရှိဘူး မင်းအသံကြားရတာကော"

"ဝေါင်း အံ့ဩစရာကြီး
ငါသိတယ်နော် ဂင်ဆော့ဂျင်
မင်းမျက်လုံးထဲ ဘယ်သူ့ကို ကျက်သရေရှိတယ်လို့မြင်နေတယ်ဆိုတာ "

" မဟုတ်ပါဘူးကွာ ဒီတိုင်းပျော်စရာကောင်းလို့ "

"မင်းအဲ့လိုကနေ တဂယ်ကြီးကြိုက်သွားရင် ဘယ်လိုလုပ်မလည်းဂင်ဆော့ဂျင်"

BroWhere stories live. Discover now