Bro 21

1.4K 156 93
                                    


သူညထဲကကြမ်းပြင်ပေါ်တွင်ကျုံ့ကျုံ့ကလေးအိပ်ပျော်သွားတာဖြစ်ပြီး အသိစိတ်ဝင်လာဝောာ့ ခြေတွေလက်တွေ အနည်းငယ်ကိုက်ခဲနေပြီဖြစ်သည်။ တင်းတင်းဆုပ်ကိုင်ထားမိသော အပြာရောင်ဆွယ်တာလေးဟာလည်း လက်ထဲမှာမူလပုံစံအတိုင်းအရာမယွင်းရှိနေသေးသည်။
သေချာတာကတော့ညကသူအရက်မသောက်ထားဘူး။
ထယ်နဲ့ရန်မဖြစ်ထားဘူး။
ဒါပေမဲ့သူငိုခဲ့မိသည်။
ဘာလို့ငိုခဲ့လည်းဆိုတဲ့အဖြေကိုသူသေချာအချိန်ယူစဉ်းစားမှရတော့မည်ထင်သည်။

"မစဉ်းစားဘဲနေရင်တောင် မင်းအကြောင်းကငါ့အတွေးထဲအမြဲရောက်လာတယ်ဆိုရင်
မင်းနဲ့ရှိဖူးခဲ့တဲ့နေရာတွေကိုဖြတ်လျှောက်မိတိုင်း မင်းအသံတွေပါပြန်ကြားလာရတယ်ဆိုရင် ကုန်ကုန်ပြောရရင် မင်းနဲ့မထိုင်ဖူးတဲ့ဆိုင်တွေမှာတောင် မင်းနဲ့လာရင်ပျော်ဖို့ပိုကောင်းမယ်လို့ငါတွေးမိနေရင်
အဲ့လိုဖြစ်နေခဲ့မယ်ဆိုရင် မင်းကသာမန်ဂင်ဆော့ဂျင်မဟုတ်တော့ဘူးနဲ့တူတယ်ဂင်ဆော့ဂျင်"

သူ့ရဲ့အတွေးအရှည်ကြီးကို ဂျောင်းဂုသူကိုယ်တိုင်အဆုံးသတ်လိုက်သည်။
အရင်ဦးဆုံးသူဘာတွေဖြစ်နေလဲသိဖို့သူဂင်ဆော့ဂျင်နှင့်တွေ့ဖို့လိုပြီ။
ဟုတ်သည် သူကျောင်းသွားဖို့ပြင်ဆင်ရမည်။

"တစ်ယောက်ထဲလားသားလေး ဟိုကလေးကော"

သူမနက်စာစားရန်ထွက်လာသောအခါ နှုတ်ဆက်လာသော အဒေါ်ကြီးစကားကြောင့် ရေချိုးပြီးသော်လည်းသူ့စိတ်တွေမှိုင်ထွေကုန်သည်။ အရင်တုန်းကဒီစားပွဲဝိုင်းမှာလူနှစ်ယောက်။ အခုတော့အတိအကျပင်သူတစ်ယောက်ထဲဖြစ်သွားပြီ။

"အဲ့ကလေးမလာတာကြာပြီနော် ဂျောင်းဂုလေးနဲ့ရန်ဖြစ်ထားတာလား"

"သူ့မှာမနက်စာအတူစားဖို့ တခြားလူတယောက်ရှိနေပြီ"

ခပ်နွေးနွေးထမင်းကြော်သည်သူ့လည်ချောင်းထဲပူပူလောင်လောင်ရောက်လာသည်။ နှစ်ယောက်တစ်ပန်းကန်လုစားခဲ့တုန်းကတောင်ဒီလောက်မပူဘူး။အရသာမတွေ့တာကြောင့်ဒီတိုင်းသာထားခဲ့လိုက်ပြီး အဒေါ်ကြီးကိုနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။ ထပ်ပြီး apartment ရှေ့မှာသူအကြာကြီးရပ်စောင့်နေမိပြန်သည်။ သူဘာကိုစောင့်နေတာလည်းတွေးလိုက်တော့စိတ်မရှည်စွာဖုန်းကိုထုတ်ကာနံပါတ်တခုဆီနှိပ်လိုက်သည်။

BroWhere stories live. Discover now