"ကျွတ်ကျွတ်"လေးနာရီတိတိကြာပြီးနောက်မှာ သူ့ခြေထောက်တွေစတင်ညောင်းညာကိုက်ခဲစပြုနေပြီဖြစ်သည်။ သူအခုရောက်နေတာထယ်တို့ဆေးကျောင်းရှေ့ဖြစ်ပြီး ရောက်နေရတဲ့အကြောင်းပြချက်ကတော့
မနေ့ညကပြသနာကိုဖြေရှင်းဖို့ပင်။
စိတ်ဆိုးနေသောသူ့အကောင်းစားရည်းစားလေးသည် "စာသင်ချိန်မပြီးသေးဘူး"ဟူသောမက်ဆေ့ခ်ျတစ်စောင်သာပို့ပြီးသူ့ခြေထောက်တွေတိုတဲ့ထိဒီနေရာမှာရပ်စောင့်ခိုင်းမည့် သဘောတွင်ရှိသည်။
ဒီအကောင်သေးသေးလေးကိုသူမနိုင်ပါ။
အနိုင်လိုချင်စိတ်လည်းမရှိ။
ဒီတိုင်းမြန်မြန်ဘဲပြန်အဆင်ပြေလိုက်ချင်ပြီ။"ထယ်ရာထွက်လာလို့တော်သေးတာပေါ့နည်းပြကခုဘဲဖုန်းဆက်တော့ကိုယ့်မှာစကားလေးတောင်မပြောဘဲသွားရတော့မယ်ထင်လို့"
"ဘာပြောမှာလည်း"
"ကိုယ့်ကိုကြည့်ထယ် "
ခေါင်းမာအကြောတင်းလေးသည်အဆုံးထိကြည့်မလာပေ။ ဆူပုတ်နေသောမျက်နှာလေးကိုဂျောင်းဂုမေးဖျားလေးမှစတင်ကာလက်ချောင်းများဖြင့်ဖွဖွကိုင်တွယ်ပြီး
အကြည့်ချင်းဆုံစေလိုက်သည်။"မနေ့ညကကိစ္စကို ကိုယ်တောင်းပန်ပါတယ်
ကိုယ်မအော်လိုက်သင့်ဘူး နောက်ဆိုဆင်ခြင်ပါ့မယ်နော် ကိုယ့်ကိုလျစ်လျူမရှုပါနဲ့ထယ်ရယ် ကိုယ်ဘယ်လိုနေရမှာလည်း""အင်းပါ ထယ့်အမှားလည်းပါ,ပါတယ် နောက်ဆိုတစ်ယောက်ထဲကွဲမထွက်နေတော့ဘူး"
"ကိုယ်တို့အခုပြန်အဆင်ပြေသွားပြီမလား"
"အင်းအိုကေသွားပြီ"
"ဒါဆို အာဘွားပေး"
"အာဂျောင်းဂု ကျောင်းရှေ့ကြီးမှာလေ"
"ဒါဆိုကိုယ့်အိမ်သွားပြီးပေးမလား"
"ဟာ မစနဲ့တော့ ထရိန်နင်ရှိတယ်မလား
သွား..သွားစရာရှိတာသွား""မွ အမောပြေလေးမပေးရင်ကိုယ်ပေးပြီကွာ မွမွ အသည်းယားလွန်းလို့ ကိုယ်သေမှာဘဲ "
ထယ်နဲ့အဆင်ပြေသွားတော့မှသာ သူစိတ်ချလက်ချဖြင့်နေနိုင်သွားတော့သည်။ အတွင်းပိုင်းအေးချမ်းသွားတော့ အပြင်ခန္ဓာကိုယ်သည်စတင်နာကျင်လာသည်။ ညောင်းညာနေသောခြေထောက်ကိုအနားမပေးအားဘဲ ညနေလေ့ကျင့်ရမဲ့ကွင်းဆီ ဂျောင်းဂုအပြေးသွားနေမိသည်။ လှုပ်လေနာလေဖြစ်တာမို့သူဒေါသတို့ထွက်လာရသည်။
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook