"လှတယ်မလား""အင်း လှပါတယ်"
ကိုကို့ပုံတွေကိုကြည်ကြည်နူးနူးကြည့်ရင်းဆိုလာသော စီနီယာ့အမေးကိုဆော့ဂျင်ဝတ်ကျေတန်းကျေသာဖြေလိုက်သည်။
ဘာလို့ဆို တဂယ်တန်းထိုပုံတွေကိုသူမကြည့်နေပါ။ မျက်ဝန်းထောင့်မှမြင်နေရရုံဖြင့်တောင် ရင်ထဲခံစားရတာမကောင်းလွန်းလို့ဖြစ်သည်။"တဂယ်တော့ ငါ့လက်ရာကောင်းလို့လည်းမဟုတ်ပါဘူး။ ထယ့်မျက်နှာလေးကိုက ကာရံညီညီနဲ့ဖွဲ့ထားတဲ့ကဗျာလေးတစ်ပုဒ်လိုဘဲ အချိုးအစားကျကျနဲ့ လှနေတာ အဲ့ဒါမို့သဘောကျလွန်းလို့ တစ်နှစ်လုံးထယ်ေနာက်တကောက်ကောက်လိုက်ပြီး မျက်နှာလေးအလွတ်မှတ် လွမ်းတိုင်းစိတ်ကူးနဲ့မှန်းမှန်းပြီးဆွဲထားခဲ့တာ
ငါရူးတယ်မလား ဟင်း~"စီနီယာပြောနေတဲ့စကားတွေကိုသူကြားတစ်ချက် မကြားတစ်ချက်
သူ့ခေါင်းထဲရှိနေတာက တစ်ခုထဲ
အခုသူရောက်နေတဲ့အခန်းက အနည်းငယ်မှောင်သည်။တနည်းပြောရလျှင် အလင်းအလုံလောက်မဝင်။ ဒါဆိုစီနီယာပုံကိုအာရုံစိုက်ဆွဲတဲ့အခါ စီနီယာ့မျက်လုံးကိုလိုတာထက်အားပိုစိုက်ရလိမ့်မည်။
ဒီအခြေနေက ရေရှည်အတွက်မကောင်းလှ။
စီနီယာဘယ်သူ့ပုံကိုဆွဲမလဲသူဂရုမစိုက်အား။ စီနီယာ့ခန္ဓာကိုယ်ကိုသာသူစိတ်ပူပါသည်။" ဂင်ဆော့ဂျင်!! နားထောင်နေရဲ့လား"
စီနီယာ့အော်သံကြောင့်သူယောင်ယမ်းပြီးမော့ကြည့်လိုက်မိတော့ ကိုကို့ပုံတူပန်းချီကားတွေကမျက်လုံးထဲကိုတန်းစီဝင်လာသည်။
သူတစ်ခန်းလုံးကိုလှည့်ပတ်ကြည့်နေလည်း ဘာမှပြောင်းလဲမသွား။
ဟုတ်တယ် သူလိမ်နေတာ
သူဂရုစိုက်တာပေါ့ စီနီယာဘယ်သူ့ပုံတွေဆွဲနေလည်း
သူချစ်ရတဲ့ယောကျာ်း
အဲ့ယောကျာ်းချစ်ရတဲ့ချစ်သူက
သူ့အကိုဖြစ်နေတာကို သူဘယ်လိုလျစ်လျူရှုနေနိုင်မှာလည်း။
သူ့လည်ချောင်းတွေခြောက်ကပ်စွာထွက်လာတဲ့အသံကတစ်ခုထဲ"ကျွန်တော့်ပုံလည်းဆွဲပေးစီနီယာ"
သူစီနီယာ့အင်္ကျီအနားစကိုအားကိုတကြီးကိုင်ကာပူဆာလိုက်သည်။
သို့သော် အေးစက်နေသောစီနီယာ့လက်တို့သည် သူ့လက်ကိုပြန်လည်ဆုပ်ကိုင်လာခဲ့ပြီး
အင်္ကျီပေါ်ကနေခါချပစ်လိုက်သည်။
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook