"မင်းလက်တွေနွေးနေတယ် အဲ့တော့
ငါ့အခန်းထဲလိုက်ခဲ့""ဗျာ"
"ငါ ငါပြောချင်တာ မင်းအနားယူဖို့လိုတယ်လေ ငါ့ကြောင့်ဖြစ်တာဆိုတော့ ငါ့မှာဂရုစိုက်ပေးဖို့တာဝန်ရှိတယ်
မင်းအိမ်မှာကျ မင်းမိဘတွေရှိတော့ ငါပါလာရင်တစ်မျိုးကြီးဖြစ်နေမှာဆိုးလို့
ငါ့အခန်းမှာကျလွတ်လပ်လို့ အဲ့လို""ဒါပေမဲ့နားရလောက်တဲ့အထိ ကျွန်တော်မဆိုးသေးပါဘူး "
"အရမ်းမဆိုးသေးလို့နားရမှာလေ
မနားလိုက်ရင်ဆိုးသွားမှာဆိုးလို့
ငြိမ်ငြိမ်နေပြီးလိုက်ခဲ့တော့ "ဂျောင်းဂုပိတ်ဟောက်လိုက်တော့ ဆော့ဂျင်ဇာတ်ကလေးပုဝင်သွားသည်။
ထို့နောက်ဘာစကားမှထပ်မဆိုတော့ဘဲ
ကိုင်ထားမိတဲ့လက်လေးတစ်စုံကိုသာ
ဖွဖွပွတ်သပ်နေမိသည်။
ဒီလက်ကလေးကိုပထမဦးဆုံးဆုပ်ကိုင်ခဲ့တုန်းကအချိန်တွေကိုပြန်တွေးမိသွားသည်။
အဲ့အချိန်တုန်းကထဲကစခဲ့တာဖြစ်မယ်။
ရေနစ်နေတဲ့ကောင်လေးကို စိတ်ပူတဲ့စိတ်ကအခုခံစားချက်တွေရဲ့ အခြေခံဖြစ်လောက်မည်။ အရင်ထဲကသူ့မှာကြောက်လန့်တကြားမြဲမြဲဆုပ်ကိုင်မိတဲ့လက်ကလေး။"ဂင်ဆော့ဂျင်!!"
သူအတွေးနယ်ချဲ့နေတုန်း စီနီယာရဲ့ဆောင့်အောင့်အောင့်ခေါ်သံကိုကြားလိုက်ရတော့ လက်ရှိကမ္ဘာကိုပြန်လည်ရောက်ရှိလာသည်။
"ငါ့အိမ်ရောက်ပြီ ဘာတွေတွေးနေတာလည်း
ခေါ်မကြားအော်မကြားနဲ့ "ဆူပူဆောင့်အောင့်ကာ ဂျောင်းဂုအရင်ကားပေါ်ကနေဆင်းသွားတာကို ဆော့ဂျင်မျက်စိတဆုံးကြည့်နေမိရင်းမှအံ့ဩဖွယ်ရာအဖြစ်မှန်တစ်ခုခေါင်းထဲဝင်လာသည်။
"ဒီလိုအပေါက်ဆိုးအပြောမချိုအပြစ်မြင်စိတ်မရှည်တတ်တဲ့လူမျိုးကိုသူဘယ်ကဘယ်လိုသဘောကျမိသွားတာပါလိမ့် "
"ဂင်ဆော့ဂျင်!!!!!!!!"
"လာပြီစီနီယာ"
"ငါမင်းနေမကောင်းလို့အများကြီးစိတ်ရှည်ပေးထားတာသိလား
တစ်ခုခုပေနေလို့လား ဘာလို့အဲ့လောက်စိုက်ကြည့်နေတာလည်း"
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook