အံဝင်ခွင်ကျဖြစ်နေတဲ့ ရင်ခွင်ထဲက ကိုယ်လုံးသေးသေးလေးကို အားထည့်ဖျစ်ညှစ်မိတော့
အသံပိစိလေးများ စီစီရီရီထွက်ကျလာလေသည်။"အာ့~ဂျောင်းဂုရှီး "
"ဟိုအသက်ရှူကျပ်နေပြီ"
လက်သီးဆုပ်လေးများနှင့်ထုရိုက်လာသောအခါ အသာတကြည်လွှတ်ပေးလိုက်သည်။ အလှလေးစိတ်ငြိုငြင်ရင်သေမဲ့ကောင်မို့။
ပြီးတော့အသက်သခင်ကျေးဇူးရှင်လေးရဲ့စကားကိုမပယ်ရှားသင့်ဘူးမလား ဟွန်း။"မျက်နှာလေးကိုမြင်လိုက်ရမှပိုပိုလွမ်းလာသလိုဘဲသိလား "
"ဟုတ်လို့လား
ညီညီနဲ့ကစားရင်းပျော်နေတာမဟုတ်ဘူးလား တွေ့ပါတယ်နော်""ပေါက်ကရကွာ
ကိုယ်ဘာမှမကစားဘူး
ထယ်ပြောတဲ့အတိုင်းဘဲနေတာ
ထယ်ညီလေးမို့ သူစနောက်နေလည်း ငြိမ်ခံပေးလိုက်တယ် နောက်ကျဘာဘဲဖြစ်ဖြစ်အမျိုးတော်ရမှာဘဲမလား အဟဲဟဲ"" ဟုတ်တယ် ညီညီက,ကလေးလိုဘဲ
ဖေဖေနဲ့ဆိုလည်းအမြဲတိုင်းချနေကျ
လူကြီးကိုမခံချင်အောင် သွားသွားဆွနေတာလေ အိမ်ရဲ့ဆည်းလည်းလေးလေ မပျင်းရဘူး ညီညီရှိနေတာ ""ဟုတ်ပါ့ ထယ့်ညီကသုံးနှစ်သားကျနေတာဘဲ ဂျစ်ကလည်းတိုက်သေး
ဒါပေမဲ့ လျှော့တွက်လို့တော့မရဘူးနော် အားကတော့ရှယ်သန်ချက်"Devilကောင်နဲ့သူ့အဖေရဲ့အသေးစားတိုက်ပွဲတွေကိုမျက်လုံးထဲတွင်ပုံဖော်ကြည့်မိတော့ ဂျောင်းဂုနှုတ်ခမ်းပါးတို့ကော့ညွှတ်တတ်သွားမိသည်။
"အဲ့ဒီအားသန်တာကတော့ ထယ့်ကြောင့်လေ ငယ်ငယ်ကအတန်းထဲမှာအမြဲအနိုင်ကျင့်ခံရလို့ ညီညီက မခံမရပ်နိုင်တွေဖြစ် နွေရာသီပိတ်ရက်တွေဆို ကရာတေးတွေပြေးသင်ပြီး ထယ်နဲ့ရွယ်တူတွေကိုပြန်ချပေးတာ
ဆိုးတယ်ထင်ရပေမဲ့ တဂယ်လိမ္မာတဲ့ကလေးလေး""ဟုတ်တယ် ထယ့်ကိုတော့တော်တော်ချစ်တာ
ဟွန်း ဒါပေမဲ့သူသေချာကြည့်ရင်တော့မြင်ရမှာပါ သူ့လိုထယ့်ကိုချစ်ပေးနိုင်တဲ့သူမျိုးနောက်တစ်ယောက်ထပ်ရှိသေးတယ်ဆိုတာ""ညီညီကဂျောင်းဂုကိုဘဲကြည့်နေမိလို့နေမှာပေါ့"
"ဟာကွာ~ထယ်နော် မစစမ်းနဲ့"
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook