Bro 22

1.2K 168 105
                                    


"ထယ်ယောင်းကဒီနေ့မလာဘူးလား"

"သူစာကြည့်တိုက်သွားဖို့ရှိတယ်ပြောတယ်"

"ဂျောင်းဂု မင်းရည်းစားကမဟုတ်တော့ဘူးနော်"

"ထားလိုက်ပါ ငါစကားမများချင်ဘူး
သူအဆင်ပြေသလိုဘဲနေပါစေ"

ဒီနေ့က ဂျောင်းဂုတစ်နှစ်ပတ်လုံးစောင့်မျှော်ခဲ့ရတဲ့ final ပွဲစဉ်ဖြစ်ပြီး
အနိုင်ရရှိခဲ့ပါက ကျောင်းပေါင်းစုံရဲ့ကျောင်းသားအားလုံးနဲ့ယှဉ်ကာ ဘောလုံးaceဖြစ်နိုင်မည့်အခွင့်အရေးပင်။
သူတအားစိတ်လှုပ်ရှားနေခဲ့ပြီး အရမ်းအရေးကြီးတဲ့နေ့လို့သတ်မှတ်ထားတဲ့ရက်မျိုးမှာတောင် သူ့ချစ်သူလေးဟာအားပေးဖို့ပေါ်မလာပါ။ မင်ဝူးကထိုကိစ္စရော ရှေ့ကရှေ့ကကိစ္စတွေပါပေါင်းပြီးထယ့်ကိုအမြင်မကြည်ကြောင်းဘေးတွင်တတွတ်တွတ်ထိုင်ပြောနေသော်လည်း သူ့နားထဲမဝင်ဘဲလေထဲဖြတ်ကျော်သွားသည်။

"ဆော့ဂျင်သာဆို" 

နာမည်လေးတစ်လုံးသည် သူ့အတွေးအာရုံအားလုံးကိုသိမ်းကြုံးစုစည်းပစ်လိုက်သည်။

"ဘာဖြစ်လဲ"

"ဆော့ဂျင်သာဆိုမင်းကိုဒီလိုဆက်ဆံမှာမဟုတ်ဘူးဂျောင်းဂု "

"သူသာဆိုငါ့ကိုဘယ်လိုဆက်ဆံလောက်လည်းမင်ဝူး"

"မင်းအတွက်လိုအပ်ရင် မအိပ်မစားဘဲတောင်မင်းကိုအချိန်ပေးမဲ့သူမျိုးပေါ့"

တဂယ်ဘဲလား မင်ဝူးပြောတာတဂယ်ဘဲလားသူသိချင်ရင်တောင် သိနိုင်ဖို့အခွင့်အရေးမရှိတော့တဲ့အခြေအနေမလား။ သူနှုတ်ဆိတ်နေတဲ့အခါ သူငယ်ချင်းဖြစ်သူကသူ့ကိုယ်စားစကားစကိုပြန်ဆက်လေ၏။

"ဂျောင်းဂု တခါတလေမင်းစဉ်းစားကြည့်ဖူးလား ဆော့ဂျင်အမြဲပေါ့ပျက်ပျက်ပြုမူနေတာက မင်းကိုဝန်မပိစေချင်တာမျိုးဆိုရင်ကော မင်းစိတ်ရင်းတိုင်းနေလို့ရအောင် ညှိလွယ်ပြင်လွယ်လို့ရတဲ့ပတ်ဝန်းကျင်မျိုး သူဖန်တီးခဲ့တာဆိုရင်ကော "

"ငါတို့‌ရွေးချယ်မှုတွေကိုယ်စီလုပ်ခဲ့ပြီးပြီ
နောင်တရမဲ့စကားမျိုးတွေဆင်ခြင်ပေး"

BroWhere stories live. Discover now